သင့်ရဲ့ Android User Interface ကို Windows အသွင် ဘယ်လိုပြောင်းမလဲ

Android နဲ့ Windows တို့ဟာ မတူညီတဲ့ Mobile OS တွေပါ။ အဓိက အားဖြင့်တော့ User Interface ဟာ လုံးဝခြားနားကြပါတယ်။ Android ဟာ အလွန် Flexible ဖြစ်တဲ့အတွက် သူ့ရဲ့ User Interface ကို iOS , Windows OS တွေလို ပြောင်းလဲနိုင်ပါတယ်။ Windows User Interface ကို သင့် Android မှာ စမ်းသပ်သုံးစွဲနိုင်မယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒီလို ပြောင်းလဲဖို့အတွက် Microsoft Launcher App ကို အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ကို အင်စတောလုပ်ပြီး Default Launcher အဖြစ် သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ရဲ့ Home Screen ဟာ Windows OS အသွင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ Microsoft Launcher ကို အောက်ပါ လင့်ကနေ အခမဲ့ ရယူနိုင်ပါတယ်။

Download

ဒီ launcher လေးကတော့ သင့် Android Phone ကို Windows Phone အသွင် ပြောင်းပေးမှာ ဖြစ်ပေမယ့် App များကိုတော့ ဝင်းဒိုးစတိုင် မပြောင်းပေးနိုင်ပါဘူး။ ဒါပေမယ့် Microsoft က ဝင်းဒိုးစတိုင် Android App များကို ဖန်တီးပေးထားပါတယ်။ သူတို့ကို Play Store မှာ ရယူနိုင်ပါတယ်။ သင် အသုံးပြုနေကျ Apps များရဲ့ စွမ်းရည်များ ပါတဲ့ ဝင်းဒိုးစတိုင် App များစွာ ရှိပါတယ်။

Cortana, Outlook, Onenote , Office တို့လို ဝင်းဒိုး စတိုင် App များကို Android Phone အတွက် ဖန်တီးပေးထားပါတယ်။ သူတို့ကို သုံးရင်တော့ သင့်ဖုန်းဟာ ဝင်းဒိုး ဖုန်းနဲ့ ပိုမို တူလာမှာ ဖြစ်ပါတယ်။ Microsoft Launcher ကို သုံးရင်တော့ သူတို့ကိုပါ သုံးဖို့ အကြံပြုလိုက်ပါတယ်။

Ref : techviral

 

Download

%d bloggers like this: