0 Shares 65 Views

LG G5 ဖုန်းကို မတ်လ ၃၁ ရက်နေ့မှာ စတင်ရောင်းချမည်

Mar 21, 2016
0 65

မကြာသေးမီကမှ MWC 2016 ပွဲမှာ မိတ်ဆက်ပြသသွားခဲ့တဲ့ LG G5 ဖုန်းကို ကုမ္ပဏီအခြေစိုက်ရာဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ မှာ မတ်လ ၃၁​ ရက်နေ့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ US မှာတော့ ဧပြီလ ၁ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။

လက်ရှိအချိန်ထိတော့ အမေရိကမှာ ရောင်းမယ့် G5 ရဲ့ ဈေးနှုန်းကို တရားဝင်ကြေငြာရခြင်းမရှိသေးဘဲ၊ မြန်မာငွေ ၉ သိန်း ၆ သောင်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ US ကနေ LG G5 ဖုန်းကို ၀ယ်မယ်ဆိုရင်တော့ ဘက်ထရီအပိုတစ်ခု ရရှိမှာ ဖြစ်ပြီး၊ ကျန်ဈေးကွက်တွေမှာတော့ ဘာတွေ လက်ဆောင်ပေးမလဲ ဆိုတာ မသိရသေးပါဘူး။

LG G5 ဖုန်းရဲ့ ထူးခြားချက်ဟာ ဖုန်းမှာ နောက်ထပ် မော်ဂျူးအစိတ်အပိုင်းတွေကို ထပ်ပေါင်း တပ်ဆင်နိုင်မှု ဖြစ်ပြီး၊ LG Cam Plus ဆိုတဲ့ ကင်မရာမော်ဂျူးကို ဖုန်းမှာ တပ်လိုက်မယ်ဆိုရင်၊ ဖုန်းကို ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးအသွင် အသုံးချနိုင်မှာဖြစ်ပြီး၊ ဘက်ထရီအားလည်း ပိုများသွားပါတယ်။

Hi-Fi Plus မော်ဂျူးကတော့ အသံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ 32-bit အသံစွမ်းရည်ကို ပေးစွမ်းနိုင်တဲ့ စပီကာ မော်ဂျူးဖြစ်ပါတယ်။

မော်ဂျူးတွေအပြင် LG G5 ဖုန်းနဲ့ တွဲသုံးနိုင်မယ့် LG 360 VR ၊ LG 360 CAM ၊ LG Rolling Bot ၊ LG Tone Platinum ၊ LG Smart Controller စတဲ့ ‘LG Friends’ ပစ္စည်းတွေကိုလည်း G5 ဖုန်းနဲ့ အတူ တပါတည်း ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

lg_g5_camera

LG G5 ဖုန်းအကြောင်း အပြည့်အစုံသိရှိချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

Ref: Gadgets360

 

 

You may be interested

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
0 shares0 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
0 shares0 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ
Android, Huawei, HUBS
188 shares64 views

18:9 Screen နဲ့ Dual Camera ပါပြီး ဈေးသက်သာတဲ့ Huawei Honor 7X ကို အမေရိကန်မှာ ရောင်းပြီ

Ko Thuya - Nov 21, 2017

ပြီးခဲ့တဲ့လက Huawei ဟာ တရုတ်မှာ Honor စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ သူကတော့ Huawei Honor 7X ဖြစ်ပြီး 18:9 Screen ပါတဲ့ပထမဆုံး Honor စမတ်ဖုန်း ဖြစ်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး…

Leave a Comment

Most from this category