စမတ်ဖုန်းကနေ log in ၀င်ရောက်နိုင်မယ့် Samsaung ရဲ့ Windows 10 တက်ဘလက် Galaxy TabPro S
Samsung ဟာ Apple လိုပဲ၊ သူ့ကုမ္ပဏီကထုတ်တဲ့ ဖုန်းတွေ၊တက်ဘလက်တွေကို အချင်းချင်း ဆက်သွယ်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းလျက်ရှိပြီး၊ အခုအခါ Flow လို့ ခေါ်တဲ့ စွမ်းဆောင်ရည်အသစ်တစ်ရပ်ကို Galaxy TabPro S တက်ဘလက်အသစ်မှာ ထည့်သွင်းလိုက်ပါတယ်။
Windows 10 စနစ်သုံး Galxy TabPro S တက်ဘလက်မှာ ပါဝင်လာတဲ့ ‘Flow’ စွမ်းဆောင်ရည်အသစ်ဟာ Android စနစ်သုံး Samsung ရဲ့ Galaxy စမတ်ဖုန်းတွေနဲ့ လှမ်းချိတ်ကာ အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။
Android စမတ်ဖုန်းကိုင်သူတွေအနေနဲ့ ဖုန်းမှာပါတဲ့ လက်ဗွေရာဆန်ဆာပေါ် လက်ချောင်းတင်လိုက်ရုံနဲ့ TabPro S တက်ဘလက်ထဲ log in ၀င်ရောက်နိုင်မှာဖြစ်သလို၊ ဖုန်းကနေ pattern lock ဆွဲလိုက်ရုံနဲ့လည်း log in ၀င်ရောက်နိုင်ပါတယ်။ ဒီ feature ကို အသုံးပြုဖို့အတွက် စမတ်ဖုန်းမှာ ‘Flow’ အက်ပလီကေးရှင်းရှိရမှာ ဖြစ်ပြီး၊ NFC ချိတ်ဆက်မှုနည်းပညာကနေတဆင့် TabPro S နဲ့ ချိတ်ဆက်လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။
Wi-Fi ချိတ်ဆက်ထားရုံနဲ့ ဖုန်းမှာ ၀င်လာတဲ့ ဖုန်းအ၀င်ကောတွေ၊ မက်ဆေ့တွေကိုလည်း TabPro S တက်ဘလက်မျက်နှာပြင်မှာ ဖော်ပြပေးသွားမှာဖြစ်တာကြောင့်၊ တက်ဘလက်သုံးနေရင်းနဲ့ ဖုန်းကို ခဏခဏ check လုပ်နေစရာမလိုဘဲ၊ အေးအေးဆေးဆေး အသုံးပြုနိုင်မှာပါ။
ဒီ့အပြင် Samsung TV မျက်နှာပြင်ကို တက်ဘလက်မျက်နှာပြင်မှာ ပုံတူကူးဖော်ပြနိုင်ပြီး၊ ဒီစွမ်းဆောင်ရည်ကတော့ အရင်တုန်းကတည်းက Galaxy စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ပါတယ်။
Samsung အနေနဲ့ သူ့ကုမ္ပဏီထုတ် အီလက်ထရောနစ်ပစ္စည်းတွေအားလုံးကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် အလုပ်လုပ်ဆောင်နိုင်အောင် ကြိုးပမ်းလျက်ရှိပြီး၊ ယခုလက်ရှိမှာ Samsung ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်တွေကို စမတ်ဖုန်းတွေကနေ ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။
လောလောဆည်တော့ Flow app ထဲကို နောက်ထပ် ဘယ်လို feautre တွေ ထပ်သွင်းသွားဦးမလဲဆိုတာ Samsung အနေနဲ့ ဆုံးဖြတ်ရခြင်းမရှိသေးကြောင့် New York City မြို့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူအမျိုးသမီးက ပြောပြသွားခဲ့ပါတယ်။
ဒီဇိုင်းပိုင်းမှာလည်း အလွန်ကျစ်လျစ်ပါးလျတဲ့ Galaxy TabPro S တက်ဘလက်အသစ်ကို ယခုအပါတ်မှစတင်ကာ၊ အမေရိကန် ပြည်ထောင်စုကို တင်ပို့ရောင်းချသွားမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနည်းဆုံး ၈၉၉ ဒေါ်လာလောက် ရှိပါတယ်။
Ref: Computer World
You may be interested

19:9 Screen နဲ့ Dual Rear Camera ပါတဲ့ Nokia X6 ကို သောကြာနေ့မှာ ကြေညာမည်
Ko Thuya - Apr 25, 2018HMD Global က ယခုလ ၂၇ ရက်နေ့မှာ တရုတ်တွင် ပွဲတစ်ခု ကျင်းပ၍ စမတ်ဖုန်း အသစ်ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ၂၀၁၄ ခုနှစ်ထွက် Nokia X သို့မဟုတ် စွမ်းဆောင်ရည်မြင့် Nokia…

သင့်ရဲ့ Android Device ကို ကားရဲ့ အသံစနစ်နဲ့ ချိတ်ဆက်နည်းများ
Ko Thuya - Apr 24, 2018သင့်ရဲ့ Android Device ကို ကားစတီရီယို စနစ်နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။ သင့် ကားစတီရီယိုမှာ ပါတဲ့ စွမ်းဆောင်ချက် အပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းကို ရွေးချယ်ပါ။ ကားရဲ့ အသံစနစ်နဲ့ သင့် Android ကို…

Fortnite ဂိမ်းကျွမ်းကျင်ကစားသမားများအတွက် ပညာသင်ဆုပေးမယ့်အစီအစဉ်
Nwe Oo Thant - Apr 24, 2018[Zawgyi] Fortnite ဂိမ်းဆိုတာကတော့ နာမည်ကြီး free ဂိမ်းတစ်ခုဖြစ်ပြီး ကလေးတွေကျောင်းပြေးဂိမ်းဆော့လွန်းလို့ ဆရာတွေမိဘတွေ ကျောင်းတွေကို တော်တော်စိတ်ရှုပ်စေခဲ့တဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အခု ကလေးတွေကျောင်းမှာဖင်မြဲနိုင်မယ့် Fortnite ရဲ့အားသာချက်လေးတစ်ခုရှိလာပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က Ashland အိုဟိုင်းယိုးမှာရှိတဲ့ Ashland တက္ကသိုလ်က ဒီ Fortnite…
Most from this category

နီယွန်အလင်းရောင်နဲ့ စွဲဆောင်မှုရှိစေမယ့် Meizu နားကြပ်အသစ်များ
Nwe Oo Thant - Apr 24, 2018
Leave a Comment
You must be logged in to post a comment.