0 Shares 64 Views

အဆင့်မြင့် ဓာတ်ပုံအရည်အသွေးရမယ့် ကင်မရာအသေးစားများ

Mar 18, 2016
0 64

DSLR အရည်အသွေးရှိတဲ့ ဓာတ်ပုံလည်းလိုချင်တယ်၊ ကင်မရာကလည်း ကြီးလွန်းနေတယ် ဆိုတဲ့ မိတ်ဆွေတွေအတွက် dSLR ဖြည့်စွက် (သို့) အစားထိုး ကင်မရာအသေးစား မော်ဒယ်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

ဒီကင်မရာ မော်ဒယ်တွေမှာ high-end dSLR တွေရဲ့ sensor အရွယ်အစားလောက်ရှိတဲ့ sensor တွေပါရှိပါတယ်။ Performance ပိုင်းအရပြောမယ်ဆိုရင်လည်း midrage dSLR တွေနဲ့ ယှဉ်နိုင်ပါတယ်။ Shutter speed, apeture စတဲ့ manual control ပိုင်းမှာလည်း တန်းတူဖြစ်ပြီး raw file နဲ့ တခြား creative features ပိုင်းတွေ အထောက်အပံ့ပေးပါတယ်။

dSLR အစားထိုးကင်မရာလို့ ပြောရမယ်ဆိုရင် ဗားရှင်း၂မျိုးရှိပါတယ်။ တစ်မျိုးက သာမန်ထက်ကြီးတဲ့ point-and-shoot ဒီဇိုင်းဖြစ်ပြီး နောက်တစ်ခုက lens ပြောင်းတပ်လို့မရတဲ့ မော်ဒယ် (ILC) တွေပါ။ Lens ပြောင်းလဲတပ်ဆင်လို့မရတဲ့ မော်ဒယ်တွေက ဈေးသိပ်မကြီးတဲ့ dSLR နဲ့ ILC kits တွေနဲ့ယှဉ်ရင် lense တွေက ပိုကောင်းပါတယ်။ Sensor အရွယ်အစားပေါ်မူတည်ပြီး ပုံမှန်အားဖြင့် 18-55mm, 16-50mm ဒါမှမဟုတ် 14-42mm တွေနဲ့ လာပါတယ်။ ဒါပေမဲ့ aperture ကတော့ f3.5 ကနေ f5.6 ထိ အများဆုံးပဲဖြစ်ပါတယ်။ ဒီမော်ဒယ်အများစုက zoom သိပ်ဆွဲလို့မရပါဘူး။

အဆင့်မြင့် ဓာတ်ပုံအရည်သွေးရမယ့် ကင်မရာအသေးစားတွေကတော့  Sony RX1R II, Canon PowerShot G7X II, G9 X, Sigma dp1, dp2, dp2 Quattro, Nikon DL24-85, DL18-50, Panasonic Lumix ZS100, Fujifilm X30, X100T, Leica X-U နဲ့ X Vario တို့ပဲဖြစ်ပါတယ်။

Ref: Cnet

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
293 shares1383 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category