0 Shares 2468 Views

Facebook ရဲ့ Reactions ပုံလေးတွေကို Minions ၊ Donald Trump စတဲ့ ချစ်စရာပုံလေးတွေ ဘယ်လိုပြောင်းသုံးမလဲ

Mar 18, 2016
0 2468

Facebook ဟာ မကြာသေးမီကမှ ‘Like’ ခလုတ်နေရာမှာ ၊ ‘Reaction’ ဆိုတဲ့ emoji ပုံလေး ခြောက်ခု အစားထိုးထည့်သွင်းပေးခဲ့တာကို သိကြမှာပါ။

‘ဒီ ‘Reactions’ ပုံလေးတွေဟာ စပေါ်လာကတည်းက ကျွန်တော်တို့လို Facebook user တွေအကြားမှာ အထူးရေပန်းစားခဲ့ပြီး၊ အခုဆို လူတိုင်းလိုလို ဒီ ‘Reaction’ ပုံလေးတွေ သုံးလာကြတာကို တွေ့ရပါတယ်။

ဒါပေမယ့်၊ ဒီထက် ဆန်းဆန်းပြားပြားကိုမှ သုံးချင်ပါတယ်ဆိုတဲ့ ကိုကို၊မမတွေအတွက် နောက်ထပ် အလန်းစား Reaction ပုံလေးကို ပြောင်းသုံးလို့ရပါတယ်။

Rodney Folz ဆိုတဲ့ developer တစ်ယောက်ရဲ့ကျေးဇူးကြောင့်၊ အခုအခါ သာမန် ‘Reactions’ ပုံတွေအစား၊ Donald Trump ရဲ့ မျက်နှာ၊ Pokemon အကောင်လေးတွေ၊ နာမည်ကြီးမင်းသား၊မင်းသမီးပုံတွေနဲ့ ‘Love’ တို့ ‘Haha’ တို့ လုပ်လို့ရပြီဖြစ်သလို၊ ကိုယ်ကြိုက်တဲ့ပုံ (ကိုယ့်မျက်နှာကိုတောင်) ‘Reactions’ ပုံ လုပ်ပြီး သုံးနိုင်ပါတယ်။

ဒီလိုပြောင်းသုံးချင်တယ်ဆိုရင်တော့ လောလောဆည်မှာ desktop ကနေပဲ ပြောင်းသုံးနိုင်မှာဖြစ်ပြီး၊ မိုဘိုင်းဖုန်းတွေကနေတော့ မရသေးပါဘူး။

ပြောင်းနည်းအဆင့်ဆင့်ကတော့

(၁) – ကွန်ပြူတာကနေ Chrome ဒါမှမဟုတ် Firefox ဘရောက်ဆာကို ဖွင့်လိုက်ပါ။

(၂) ‘Reaction Packs for Facebok’ ဆိုတဲ့ plugin ကို ဒေါင်းလုဒ်လုပ်ပြီး၊ Install လုပ်ပေးပါ။ Firefox အတွက် ဆိုရင် ဒီမှာ ၊ Chrome အတွက် ဆိုရင် ဒီမှာ ဒေါင်းနိုင်ပါတယ်။

(၃) Plugin သွင်းပြီးပြီဆိုရင်တော့၊ ‘Reaction Packs’ ၀က်ဆိုဒ်ကို သွားရောက်ပြီး၊ ကိုယ်ကြိုက်တဲ့ Reaction ပုံကို ရွေးပေးပါ။ ‘Use this Pack’ ဆိုတာ နှိပ်လိုက်ရင် ရပါပြီ။

(၄) နောက်ဆုံးမှာတော့ pack သွင်းထားတဲ့ ဘရောက်ဆာ (ဥပမာ – Firefox ကနေ သွင်းထားတယ်ဆိုရင်၊ Firefox ဘရောက်ဆာ) ကနေ ကိုယ့် Facebook အကောင့်ဆီ ၀င်လိုက်ပါ။

(၅) ထို့နောက် Facebook ဖွင့်ထားတဲ့ ဘရောက်ဆာ tab ကို refresh လုပ်လိုက်တာနဲ့၊ သင့် Facebook စာမျက်နှာမှာ၊ သာမန် ‘Reaction’ ပုံတွေအစား ကိုယ်ရွေးထားတဲ့ ‘Reaction’ ပုံလေးတွေ ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ကိုယ်ပြောင်းထားတဲ့ ‘Reaction’ ပုံလေးတွေကို ကိုယ်ရယ်၊ ကိုယ့်လို ဒီ Plugin သွင်းထားတဲ့လူတွေရယ်ပဲ မြင်တွေ့ရမှာဖြစ်ပြီး၊ တခြားလူတွေဆီမှာတော့ သာမန် Facebook ‘Reactions’ emoji ပုံတွေပဲ ပေါ်နေမှာ ဖြစ်ပါတယ်။

Ref: Gadgets360

 

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category