Nintendo ရဲ့ ပထမဆုံး စမတ်ဖုန်းဂိမ်း ‘Miitomo’ ထွက်ရှိလာ

နာမည်ကျော်ဂိမ်းကုမ္ပဏီ Nintendo ဟာ console သီးသန့်ပေါ်လစီကနေ စွန့်ခွာပြီး၊ ပထမဆုံး စမတ်ဖုန်းဂိမ်း တစ်ခုကို ထုတ်လုပ်ပြီဖြစ်ပါတယ်။

‘Miitomo’ လို့ အမည်ပေးထားတဲ့ ယခုဂိမ်းကို Android ကော iOS မှာပါ အခမဲ့ဒေါင်းလုဒ်ယူ ကစားနိုင်မှာဖြစ်ပြီး၊ ပလေယာတွေအနေနဲ့ ကိုယ့် ကိုယ်ပိုင် ‘Mii’ avatar ဇာတ်ကောင်တွေကို ဖန်တီးယူရမှာ ဖြစ်ကာ၊ တခြားပလေယာတွေ ဖန်တီးထားတဲ့ဇာတ်ကောင်တွေနဲ့ ဆက်သွယ်ကစားရမှာဖြစ်ပါတယ်။ ဒီ့အပြင် ဂိမ်းတွင်းဝယ်ယူမှုတွေကနေလည်း ကိုယ့်ဇာတ်ကောင်ရဲ့ အပြင်အဆင်ကို စိတ်ကြိုက်အလှဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီဂိမ်းဟာ ဂိမ်းတစ်ခုထက် ဆိုရှယ်ဂိမ်းတစ်ခုပုံစံ ပိုရှိပြီး၊ ဂိမ်းကစားသူအနေနဲ့ ကိုယ့် ဂိမ်း avatar က မေးမြန်းတဲ့ မေးခွန်းတွေ (ဥပမာ – ပိတ်ရက်ဘာတွေလုပ်ဖြစ်လဲ) ကို ပြန်ဖြေကာ၊ အဖြေတွေကို ပလေယာအချင်းချင်း share လုပ်နိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီဂိမ်းကို ဂျပန်နိုင်ငံအတွင်းမှာပဲ ထုတ်ထားသေးပြီး၊ ဒီလကုန်မှာတော့ အမေရိကန်နဲ့ ပြင်သစ် အပါအဝင် တခြားနိုင်ငံပေါင်း ၁၅ နိုင်ငံကို ဘာသာစကား ၈ မျိုးနဲ့ ထုတ်ပေးသွားမှာဖြစ်တယ်လို့ Nintendo ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီဂိမ်းကို တိုကျိုအခြေစိုက် DeNA ဂိမ်းကုမ္ပဏီနဲ့ Nintendo တို့ ပူးပေါင်းထုတ်လုပ်တာဖြစ်ပြီး၊ နောက်ပိုင်းမှာ Nintendo ရဲ့ နာမည်ကျော်ဇာတ်ကောင်တွေဖြစ်တဲ့ Super Mario တို့ Donkey Kong တို့လည်း မိုဘိုင်းဂိမ်းအနေနဲ့ ရောက်ရှိလာဖွယ်ရှိနေပါတယ်။

Ref: Gadgets360

 

%d bloggers like this: