127 Shares 163 Views

ဝက်ဆိုက်များမှ မျက်စိရှုပ်တဲ့ ကြော်ညာတွေကို ဖျောက်မယ်

Jan 14, 2018
127 163

ဝက်ဆိုက်များမှာ ကြော်ညာများစွာ ထည့်သွင်းထားတဲ့အတွက် မျက်စိရှုပ်သလို ၀က်ဆိုက်များ ဖွင့်တဲ့ အခါမှာလည်း နှေးကွေးစေပါတယ်။ Web ပေါ်ကကြော်ညာတွေ Banners, Pop-Ups And Video Ads စတာတွေကို Block လုပ်ပေးနိုင်တဲ့ Browser Extension တစ်ခုကတော့ Adblock Plus ဖြစ်ပါတယ်။ အဲဒီအတွက် Web Page Loading ကို လည်းလျှင်မြန်စေပါတယ်။ Firefox,Chrome,Opera စတဲ့ Browser တွေ အတွက် Extension (Or) Add-On တွေ ရှိပြီး Android Device အတွက်ပါ Android Application ကို အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ယခုဖော်ပြမှာကတော့ သင့်ပီစီမှ ဘရောက်စာမှာ ၀က်ဆိုက်များမှ ကြော်ညာများကို ဖျောက်နည်းဖြစ်ပါတယ်။

Adblock Plus ကို Chrome Browser မှာ အင်စတောလုပ်ပြီးရင် Address Bar မှာ Adblock Plus အိုင်ကွန်ကိုတွေ့ မြင်နိုင်ပါတယ်။ Web Page တွေ ပေါ်က ကြော်ညာ တွေ အားလုံးကို Default အားဖြင့် Block လုပ်ပေးမှာဖြစ်ပါတယ်။ကြော်ညာတွေကို Block မလုပ်ဘဲကြည့်ချင်တဲ့ ဆိုက်ရောက်ရင် အိုင်ကွန်ကို နှိပ်ပြီး “Enable For This Site” ဆိုတဲ့ Check Box မှာ အမှန်ခြစ်ဖြုတ်ပေးပါ။အဲဒါဆိုရင် အဲဒီဆိုက်ရောက်တိုင်း Adblock Plus က အရောင်မှိန်လျှက် Disable ဖြစ်နေပြီး ကြော်ညာတွေကို သင်ကြည့်နိုင်ပါတယ်။

Firefox အသုံးပြုသူတွေ အနေနဲ့  Adblock Plus ကို အင်စတောလုပ်ပြီးရင်အောက်ဘက် က Add-On Bar မှာ Adblock Plus အိုင်ကွန်ကို တွေ့ မြင်နိုင်ပါတယ်။ Web Page တွေ ပေါ်က ကြော်ညာ တွေ အားလုံးကို Default အားဖြင့် Block လုပ်ပေးမှာဖြစ်ပါတယ်။ကြော်ညာတွေကို Block မလုပ်ဘဲကြည့်ချင်တဲ့ ဆိုက်ရောက်ရင် အိုင်ကွန်ကို နှိပ်ပြီး “Disable On This Page Only” ကို အမှန်ခြစ်ပေးရမှာပါ။အဲဒါဆိုရင် အဲဒီဆိုက်ရောက်တိုင်း Adblock Plus က အရောင်မှိန်လျှက် Disable ဖြစ်နေပြီး ကြော်ညာတွေကို သင်ကြည့်နိုင်ပါတယ်။

Ref : tnw

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category