221 Shares 69 Views

Apple က CES ပွဲမှာ AR Glasses အတွက် အစိတ်အပိုင်းထုတ်လုပ်သူများနဲ့ စကားပြောခဲ့

Jan 14, 2018
221 69

Apple က Augmented Reality နည်းပညာပါတဲ့ မျက်မှန်ကို ဖန်တီးဖို့ အရှိန်အဟုန်မြှင့်တင်နေပါတယ်။ Bloomberg က Apple မှ ကိုယ်စားလှယ်များဟာ CES ပွဲကို လာခဲ့ပြီး AR Glasses အတွက် အစိတ်အပိုင်းထုတ်လုပ်သူများနဲ့ စကားပြောခဲ့တယ်လို့ ပြောပါတယ်။ Apple အပြင် Facebook , Google တို့ကလည်း ပွဲမှာ အစိတ်အပိုင်းထုတ်လုပ်သူများနဲ့ စကားပြောခဲ့တယ်လို့လည်း သတင်းဌာနက ပြောပါတယ်။ Bloomberg က အခြား အသေးစိတ် သတင်းအချက်အလက်များကို မပြောပေမယ့် AR မျက်မှန်ကို Apple ဖန်တီးနေတယ်ဆိုတာ သေချာပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ အဲဒီ မျက်မှန်ကို Apple Glasses လို့ အမည်ပေးမှာ ဖြစ်ပြီး Apple ဟာ AR ကို စတင်ရင်းနှီးမြှပ်နှံတဲ့ အချိန်ကတည်းက အဲဒီမျက်မှန်ရဲ့ သတင်းဟာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ Apple CEO Tim Cook ကလည်း ရေရှည်မှာ AR ကိုသာ အဓိက ဖန်တီးမယ်လို့ ပြောခဲ့ဖူးပါတယ်။ Apple က စားသုံးသူများအတွက် AR ဟာ ရောင်းကောင်းတဲ့ ထုတ်ကုန်ဖြစ်လာမယ်လို့ ထင်နေပါတယ်။ Bloomberg က ယခင်ကလည်း Apple ဟာ AR Headset ကိုလည်း ဖန်တီးနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

၂၀၂၀ ခုနှစ်လောက်မှာ အဲဒီ မျက်မှန်ကို ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ သူ့မှာ Display , Processor , rOS အမည်ရ Operating System တို့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင် ဖြစ်နိုင်ပြီး Siri ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်လည်း ပါလာနိုင်ပါတယ်။

Ref : pocket-lint

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category