177 Shares 149 Views

မျက်နှာကို ဖြုတ်လဲနိုင်တဲ့ အမျိုးသမီး Sex Robot

Jan 14, 2018
177 149

ပြီးခဲ့တဲ့ နှစ်မှာ စိတ်ခံစားမှုရှိတဲ့၊ G-Spots ပါတဲ့ အမျိုးသမီး လိင်ဖျော်ဖြေရေး စက်ရုပ်များကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အမျိုးသား လိင်ဖျော်ဖြေရေး စက်ရုပ်များကို မြင်တွေ့ခဲ့ကြရပါတယ်။ CES ပွဲမှာလည်း တိုင်ပတ် အကမယ် စက်ရုပ်များကို ပြသခဲ့ကြပါတယ်။ အခုတော့ ဥာဏ်ရည်တုနည်းပညာပါတဲ့ Solana အမည်ရ လိင်ဖျော်ဖြေရေး အမျိုးသမီး စက်ရုပ်ကို CES ပွဲမှာ ပြသခဲ့ကြပါတယ်။

အခြား စက်ရုပ်များနဲ့ မတူတဲ့ သူ့ရဲ့ ထူးခြားချက်က သူ့မှာ ငှက်ပျောသီး အခွံခွာသလို မျက်နှာကို ခွာချပြီး အခြား မျက်နှာတစ်ခု စွပ်ပေးလို့ရခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရည်ကို သင် ရိုးအီသွားရင် အလွယ်တကူပဲ အခြား မျက်နှာတစ်ခု စွပ်ပေးလိုက်ရုံပါပဲ။ သူ့မှာ ဥာဏ်ရည်တု နည်းပညာပါတဲ့အတွက် သင်နဲ့ စကားပြောဆက်သွယ်နိုင်ပါတယ်။

သူ့ကို Abyss Creations မှ Matt McMullen က ဖန်တီးထားခြင်း ဖြစ်ပြီး ယခင် Harmony စက်ရုပ်ရဲ့ တိုးတက်လာတဲ့ ဗားရှင်း ဖြစ်ပါတယ်။ Harmony ဟာ ဦးခေါင်းကို လှုပ်ခါခြင်း၊ မျက်လုံး လှုပ်ရှားခြင်း၊ စကားပြောခြင်းများ ပြုလုပ်ပါတယ်။ Solana မှာ Harmony ရဲ့ စွမ်းရည်အားလုံးပါတဲ့အပြင် မျက်နှာကို လဲလှယ်နိုင်တဲ့ အပို စွမ်းရည်ပါလာတာ ဖြစ်ပါတယ်။

Solana ရဲ့ လူသားစွမ်းရည်များကို သင်နှစ်သက်သလို သတ်မှတ်ဖို့အတွက် App တစ်ခုကိုလည်း ဖန်တီးပေးထားပါတယ်။ အဲဒီကနေ သူ့ကို ပြောစေချင်တဲ့ စကားများ၊ သူ့ကို ပြုလုပ်စေချင်တဲ့ လှုပ်ရှားမှုများကို သတ်မှတ်နိုင်ပါတယ်။ သူ့ကို ယခုလကုန်မှာ ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၈၀၀၀ နဲ့ ၁၀ ၀၀၀ အကြားကျသင့်မှာပါ။

Ref : maxim

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Leave a Comment

Most from this category