70 Shares 53 Views

စမတ်ကျတဲ့ ပန်းကန်ဆေးစက်

Jan 13, 2018
70 53

ဒီဇိုင်း ကုမ္ပဏီ Frog နဲ့ Heatworks က ဖန်တီးထားတဲ့ Tetra အမည်ရ ပန်းကန်ဆေးစက်ဟာ အင်တာနက် ချိတ်ဆက်နိုင်တဲ့ စမတ် ပန်းကန်ဆေးစက် ဖြစ်ပါတယ်။ သူဟာ အရွယ်အစား ကျစ်လစ်တဲ့အတွက် မီးဖိုချောင်ကျဉ်းတဲ့ နေအိမ်များအတွက်တောင် အဆင်ပြေပါတယ်။ သူ့မှာ ထမင်းစားပန်းကန်၊ ရေဖန်ခွက်၊ ဟင်းချိုသောက်ပန်းကန်လုံး နှစ်စုံစာ ထည့်သွင်း ဆေးကြော နိုင်ပါတယ်။ ပန်းကန်ပြားပဲ ထည့်မယ်ဆိုရင် ၁၀ ချပ်နဲ့ ဖန်ခွက်ပဲ ထည့်မယ်ဆိုရင် ၁၂ ခွက် ထည့်နိုင်ပါတယ်။

ရေများကိုတော့ သင့်တော်သလောက် ကိုယ်တိုင် ထည့်ပေးရမှာ ဖြစ်ပါတယ်။ သူ့မှာ ပန်းကန်ဆေး ဆပ်ပြာမှုန့်ထည့်တဲ့ ခွက်ကလေး ပါပြီး တစ်ခါအပြည့်ထည့်ထားတာနဲ့ အကြိမ်များစွာ ဆေးကြောနိုင်ပါတယ်။ ကုမ္ပဏီက လူ နှစ်ယောက်၊ သုံးယောက် ရှိတဲ့ နေအိမ်များအတွက် စမတ် ပန်းကန်ဆေးစက်က သင့်တော်တယ်လို့ ပြောပါတယ်။

Tetra မှာ အညစ်အကြေးများကို စစ်ထုတ်ပေးတဲ့ နည်းပညာလည်း ထည့်သွင်းထားပါတယ်။ ရေထဲမှ အမှုန်အမွှားများကိုလည်း သန့်စင်ပေးပါတယ်။ အပူပေးတဲ့ စနစ်ပါရှိတဲ့အတွက် ကလေး အသုံးအဆောင် ပစ္စည်းများ၊ အစားအစာများကို ပိုးသတ်ဖို့အတွက်လည်း သူ့ကို အသုံးပြုနိုင်ပါတယ်။ အပူချိန် သိပ်မလိုတဲ့ ပင်လယ်စာများကိုတောင် ချက်ပြုတ်နိုင်ပါတယ်။ ယခုနှစ်နှောင်းပိုင်းမှာ သူ့ကို ဒေါ်လာ ၃၀၀ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Android, FEATURES, HUBS
73 shares9 views

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter

Ko Thuya - Apr 26, 2018

သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Apple, NEWS
144 shares36 views

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple

Nwe Oo Thant - Apr 26, 2018

[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ  iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Android, FEATURES, Huawei
156 shares38 views

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်

Ko Thuya - Apr 26, 2018

Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…

Leave a Comment

Most from this category