ရှေ့ Selfie ကင်မရာ 16-Megapixel အထိပါဝင်တဲ့ Oppo R9 နဲ့ R9 Plus ဖုန်းအသစ်နှစ်မျိုး ထွက်ရှိလာ

မြန်မာနိုင်ငံဖုန်းဈေးကွက်မှာ နာမည်ရနေပြီဖြစ်တဲ့ Oppo ဟာ ကင်မရာဦးစားပေးစမတ်ဖုန်းအသစ်နှစ်မျိုးဖြစ်တဲ့ R9 နဲ့ R9 Plus တို့ကို တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Oppo R9 ဖုန်းက မျက်နှာပြင်အကျယ် ၅.၅ လက်မရှိပြီး၊ Oppo R9 Plus ဖုန်းကတော့ မျက်နှာပြင်အကျယ် ၆ လက်မအထိရှိကာ၊ resolution က ဖုန်းနှစ်လုံးလုံး full-HD (1080×1920 pixels) Amoled display တွေနဲ့ ဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ Fingerprint လက်ဗွေရာဆန်ဆာပါဝင်လာပြီး၊ Xiaomi Mi5 ဖုန်းနဲ့ Samsung S7 ဖုန်းတွေ လိုပဲ လက်ဗွေရာဆန်ဆာက ဖုန်းမျက်နှာပြင်အပေါ်က Home ခလုတ်အောက်မှာထည့်သွင်းထားတာကို တွေ့ရပါတယ်။

oppo_r9_hands

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ R9 ဖုန်းမော်ဒယ်နှစ်မျိုးလုံးမှာ 16-Megapixel အထိရှိတဲ့ ရှေ့ကင်မရာ ပါဝင်လာပြီး၊ Selfie ဝါသနာရှင်လူငယ်တွေအကြိုက်ပဲ ဖြစ်ပါတယ်။ ကျောကင်မရာမှာတော့ R9 ဖုန်းက 13-megapixel ကင်မရာဖြစ်ကာ၊ R9 Plus့တော့ Sony ရဲ့ IMX298 CMOS ဆန်ဆာသုံး 16-megapixel ကျောကင်မရာနဲ့ ဖြစ်ပါတယ်။

Oppo R9 ဖုန်းကို octa-core MediaTek Helio P10 ပရိုဆက်ဆာကို အသုံးပြုပြီး၊ မြန်နှုန်း 2GHz အထိ ရှိပါတယ်။ R9 Plus ဖုန်းမှာတော့ Qualcomm ရဲ့ Snapdragon 652 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ RAM 4GB ပါရှိမှာဖြစ်ပြီး၊ Android 5.1.1 Lollipop အခြေခံ ColorOS 3.0 နဲ့ သုံးစွဲရမှာ ဖြစ်ပါတယ်။

R9 ဖုန်းရဲ့ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှုကတော့ 64GB ဖြစ်ကာ၊ R9 Plus ကတော့ 64GB RAM မော်ဒယ်နဲ့ 128 GB RAM မော်ဒယ်ဆိုပြီး နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်မှာပါ။

တခြား Oppo ဖုန်းတွေလိုပဲ VOOC flash charge နည်းပညာပါဝင်တာကြောင့် ၅ မိနစ်ဖုန်းအားသွင်းရုံနဲ့ ၂ နာရီစာ ဖုန်းပြောနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Oppo R9 ဖုန်းကို မတ်လ ၂၄ ရက်နေ့ကစပြီး၊ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပေမယ့်၊ R9 Plus ကတော့ ဧပြီလ ၁၂ ရက်နေ့လောက်မှ ရောင်းချမှာဖြစ်ပါတယ်။ R9 ဖုန်းဈေးနှုန်းကတော့ ခန့်မှန်းခြေ မြန်မာငွေ ငါးသိန်းနှစ်သောင်းကျော်နဲ့ R9 Plus ဖုန်းကတော့ မြန်မာငွေ ခြောက်သိန်းနှစ်သောင်းနီးပါးလောက် ကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုဝင်ရောက်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

Oppo-R9-and-R9-Plus-TENAA_1

Ref: Gadgets360

%d bloggers like this: