လာမယ့် ခြောက်ပတ်မှာ Apple HomePod စမတ်စပီကာကို ရောင်းမည်
ဈေးကွက် ခွဲခြမ်းစိတ်ဖြာသူများရဲ့ ခန့်မှန်းချက်အရ လူတွေ စောင့်မျှော်နေကြတဲ့ Apple HomePod စမတ် စပီကာကို လာမယ့် လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ရောင်းချမယ်လို့ သိရပါတယ်။ စမတ်စပီကာကို ကုမ္ပဏီက ၂၀၁၆ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ WWDC Event မှာ ကြေညာခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလမှာ ရောင်းချဖို့ ရည်ရွယ်ခဲ့တာပါ။
ဒါပေမယ့်လည်း နိုဝင်ဘာလမှာ Apple က စမတ် စပီကာကို ရောင်းချဖို့ အဆင်သင့် မဖြစ်သေးဘဲ ၂၀၁၈ ခုနှစ်ကျမှသာ ရောင်းချပေးမယ်လို့ ပြောခဲ့ပါတယ်။ ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ “ လူတွေ HomePod ကို သုံးနိုင်ဖို့အတွက် အလွန် ရောင်းချပေးချင်နေပါပြီ။ သူဟာ နေအိမ်များမှာ သုံးဖို့အတွက် ကုမ္ပဏီရဲ့ အဆင့်မြင့် ကြိုးမဲ့ စပီကာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ရောင်းချပေးဖို့ အချိန်အနည်းငယ်လိုအပ်ပါသေးတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ အမေရိကန် ၊ ဗြိတိန်နဲ့ သြစတြေးလျမှာ ရောင်းချပေးမှာပါ။ “ လို့ ပါရှိပါတယ်။
ခွဲခြမ်းစိတ်ဖြာတဲ့ ကုမ္ပဏီ GBH Insights က မကြာခင်မှာ စမတ်စပီကာကို ရောင်းချပေးတော့မှာဖြစ်ပြီး လာမယ့် လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် Google Home , Amazon Echo တို့လို ပြိုင်ဖက်များကြောင့် Apple HomePod ဟာ ရုန်းကန်ရမယ်လို့လည်း ပညာရှင်များက သုံးသပ်ထားပါတယ်။ အဲဒီပြိုင်ဖက် ထုတ်ကုန် နှစ်ခုဟာ စမတ်စပီကာ ဈေးကွက်ရဲ့ အများစုကို သိမ်းပိုက်ထားပါတယ်။
ဒါပေမယ့် HomePod ဟာ အသံအရည်အသွေးမြင့်မားတဲ့အတွက် Google Home, Amazon Echo တို့ထက် Sonos စပီကာများကို အဓိက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ HomePod မှာ စမတ်နေအိမ် ထုတ်ကုန်များကို ထိန်းချုပ်နိုင်တဲ့ Siri လည်းပါပါတယ်။
Ref : pocketlint
You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Ko Thuya - Apr 26, 2018သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Nwe Oo Thant - Apr 26, 2018[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Ko Thuya - Apr 26, 2018Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…
Most from this category

Leave a Comment
You must be logged in to post a comment.