199 Shares 60 Views

ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းများကို ထုတ်မယ့် ZTE

Jan 13, 2018
199 60

ZTE က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း တစ်လုံးကို ယခင်နှစ်က ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ သူ့ရဲ့ အမည်ကတော့ Axon M ဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ စမတ်ဖုန်း မဟုတ်ဘဲ တွဲဖက်ထားတဲ့ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဖုန်းနှစ်လုံးကို တွဲဆက်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ လူကြိုက်များခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကုမ္ပဏီက ဒီထက် ထူးခြားဆန်းသစ်တဲ့ ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းများကို ဆက်လက်တီထွင်ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

က မကြာခင်က ကျင်းပခဲ့တဲ့ Consumer Electronics Show (CES) ပွဲမှ အင်တာဗျူးတစ်ခုမှာ ZTE ရဲ့ ဈေးကွက်ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Jeff Yee ဒီသတင်းကို ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ သူက “ တကယ့်ကို ကွေးညွှတ် ခေါက်ချိုး အသုံးပြုနိုင်တဲ့ စမတ်ဖုန်းကို တီထွင်မှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဒီလို ဖုန်းမျိုးမှာ ထည့်သွင်းနိုင်တဲ့ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းများနဲ့ လုပ်ဆောင်ချက်များ ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူက အင်တာဗျူးမှာ Axon M ကို ၀ယ်ယူခဲ့သူများရဲ့ ဝေဖန်မှတ်ချက်ပြုမှုများဟာ ကောင်းမွန်ခဲ့ပြီး အဲဒီ စမတ်ဖုန်းကို ပိုမို ထူးခြားဆန်းသစ်အောင် ဖန်တီးဖို့ နည်းလမ်းများလည်း ရှိနေသေးတယ်လို့ ဖြည့်စွက်ပြောပါတယ်။

Ref : gsmarena

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Leave a Comment

Most from this category