261 Shares 115 Views

ဘေးဘောင်မဲ့ မျက်နှာပြင်နဲ့ အရှေ့ကင်မရာ နှစ်လုံးပါတဲ့ LG G7 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

Jan 13, 2018
261 115

LG ရဲ့ နောက်ထုတ်မယ့် စွမ်းဆောင်ရည်မြင့် G7 စမတ်ဖုန်းရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ကို ဧပြီလမှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ ဓါတ်ပုံအရ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ LG G6 ထက် ပိုမို ပါးလွှာလာပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်ကတော့ ဘောင်ပျောက်ဒီဇိုင်း ဖြစ်ပါတယ်။

ဓါတ်ပုံအရ အရှေ့ဘက် Screen-to-body Ratio ဟာ အလွန် မြင့်မားပါတယ်။ LG G6 ထက်တောင်မြင့်မားပါတယ်။ စကရင်ဟာ FullVision 18:9 Display ဖြစ်ပြီး အရှေ့ဘက်မှာ Selfie Camera ၂ လုံး ပါပါတယ်။ ကင်မရာများဟာ အထက်ဘောင်ရဲ့ ဘယ်ဘက်ခြမ်းမှာ ဖြစ်ပြီး သူ့ရဲ့ ညာဘက်မှာ Earpiece နဲ့ Sensors များ တပ်ဆင်ထားပါတယ်။

ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ အသံခလုတ်များပါပါတယ်။ ပါဝါခလုတ်ကိုတော့ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ပုံပေါ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 845 Chipset နဲ့ Quick Charge 4.0 များပါလာနိုင်ပါတယ်။ အခြား ပေါက်ကြားထွက်ပေါ်နေတဲ့သတင်းအရ သူ့မှာ Apps များကို ကာကွယ်ထားနိုင်တဲ့ Iris Scanner ပါလာနိုင်ပါတယ်။

Ref : gsmarena

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category