111 Shares 68 Views

CES ပွဲမှာ ပြသခဲ့တဲ့ ကြိုးမဲ့အားသွင်း နည်းပညာများ

Jan 13, 2018
111 68

Consumer Electronics Show မှာ ကြိုးမဲ့အားသွင်းနည်းပညာများစွာကို ပြသခဲ့ကြပါတယ်။ ပွဲမှာ အဝေးကနေ အားသွင်းပေးနိုင်တဲ့ Charging Pads များကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအထဲကမှ ထူးခြားတာက အနီအောက်ရောင်ခြည် အလင်းတန်းများကနေ ဖုန်းကို အားသွင်းပေးတဲ့ နည်းပညာ ဖြစ်ပါတယ်။ သူ့ကို တီထွင်ထားတာက Wi-Charge ဖြစ်ပါတယ်။

ကြိုးမဲ့ အားသွင်းနည်းပညာမှာ ဆရာကြီးများဖြစ်တဲ့ iOttie နဲ့ Powercast တို့ကလည်း သူတို့ရဲ့ နည်းပညာများကို ပြသခဲ့ကြပါတယ်။ iOttie ဟာ CES Innovation Awards ကို ငါးကြိမ်ရရှိထားပါတယ်။ ဒီနှစ်မှာလည်း သူဟာ ကမ္ဘာ့ ကြိုးမဲ့အားသွင်း နည်းပညာ နယ်ပယ်မှာ စောင့်ကြည့်ရမယ့် ဘရန်းဆိုတာကို သက်သေပြခဲ့ပါတယ်။ ယခုနှစ် CES ပွဲမှာ iOttie က Fast Charging Pad အပါအ၀င် iON Wireless Series များကို ပြသခဲ့ပါတယ်။ သူတို့ရဲ့ စနစ်မှာ လျှင်မြန်စွာ ကြိုးမဲ့ အားသွင်းပေးတဲ့ Qi နည်းပညာကို အသုံးပြုထားပါတယ်။ သူ့ရဲ့ ကြိုးမဲ့အားသွင်းစက်များမှာ အခြား စမတ်ဖုန်းများကို အားသွင်းပေးဖို့ Port များလည်း ပါပါတယ်။ ပွဲမှာ အထူးပြုလုပ်ထားတဲ့ Phone Case များကနေ ဖုန်းကို အားသွင်းပေးမယ့် ကြိုးမဲ့ အားသွင်း နည်းပညာများစွာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။

Shenzhen Tesla Wireless က 10W Fast-Charging Energy Pad ကို ပြသခဲ့ပါတယ်။ သူ့ရဲ့ အမည်ကတော့ SnapCharge ဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ Phone Case ကနေလည်း ဖုန်းကို အားသွင်းပေးပါတယ်။ အခြား ကုမ္ပဏီများကလည်း ဝေးကွာတဲ့ နေရာကနေ ဖုန်းကို ကြိုးမဲ့ အားသွင်းပေးတဲ့ နည်းပညာများကို ပြသခဲ့ကြပါတယ်။

Wi-Charge ရဲ့ အားသွင်းစက်များဟာ နေအိမ်မှာ အလှဆင်ဖို့တောင် အဆင်ပြေပြီး သူ့ရဲ့ အလင်းစနစ်က ဖုန်းနဲ့ Accessories များကို အားသွင်းပေးနိုင်ပါတယ်။ သူက Transmitter လိုရော Receiver လိုပါ အလုပ်လုပ်ပါတယ်။ သူက အလင်းတန်းများကို ဖမ်းယူပြီး အသုံးဝင်တဲ့ စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

Powercast က ပေ ၈၀ အကွာအဝေးကနေ Devices များစွာကို အားသွင်းပေးတဲ့ Transmitter အသစ်ကိုလည်း ပြသခဲ့ပါတယ်။ ဒီနည်းပညာက အဝေးကနေ Device များကို အားသွင်းပေးဖို့အတွက် ၀ိုင်ဖိုင်နဲ့ တူတဲ့ နည်းလမ်းကို အသုံးပြုထားပါတယ်။ အဲဒီအတွက် အားသွင်း Pad များတောင် မလိုအပ်ပါဘူး။ ကိရိယာများကို သူထောက်ပံ့တဲ့ အကွာအဝေးအတွင်းမှာ ထားရှိတာနဲ့ အဆင်ပြေပါပြီ။ ညဘက်မှာ အားသွင်းထားတာနဲ့ မနက်ကျရင် အားပြည့်နေပြီလို့ ကုမ္ပဏီက ပြောပါတယ်။

Game Controller, Smartwatch တို့လို စွမ်းအင် အများအပြားလိုအပ်တဲ့ ကိရိယာများကိုတော့ အားသွင်းစက်နဲ့ ၂ ပေ အတွင်းမှာ ထားရှိရင် အားပြည့်တာ မြန်ဆန်ပါတယ်။ ကီးဘုတ် ၊ မောက်စ်တို့လို စွမ်းအင်စားသုံးမှု နည်းပါးတဲ့ ကိရိယာများအတွက်တော့ ၆ ပေ အကွာကနေ အားသွင်းနိုင်ပါတယ်။ တီဗီ Remote များကိုတော့ ၁၀ ပေ အကွာအဝေးကနေ အားသွင်းနိုင်ပါတယ်။ Temperature Sensors များလို စွမ်းအင် စားသုံးမှု အလွန်နည်းပါးတဲ့ ကိရိယာများကိုတော့ ပေ ၈၀ အကွာကနေတောင် အားသွင်းနိုင်ပါတယ်။

Ref : dailymail

You may be interested

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares0 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Huawei က EMUI 9.0 Beta ကို ဖုန်း ၉ လုံးအတွက် ဖြန့်ချီ
Android, Huawei, HUBS
0 shares0 views

Huawei က EMUI 9.0 Beta ကို ဖုန်း ၉ လုံးအတွက် ဖြန့်ချီ

Ko Thuya - Oct 18, 2018

Huawei က Android Pie အခြေပြု EMUI 9.0 Beta Program ကို ကြေညာလိုက်ပါတယ်။ အဲဒီ Update ကို ရရှိမယ့် စမတ်ဖုန်း စာရင်းကိုလည်း ဟွာဝေးက တွစ်တာမှာ ကြေညာလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းများထဲမှာ Huawei…

Leave a Comment

Most from this category