232 Shares 65 Views

စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်မယ့် ကိရိယာ

Jan 13, 2018
232 65

လက်ရှိ စမတ်နာရီများဟာ သင့် အိတ်ကပ်ထဲမှ ဖုန်းရဲ့ အကူအညီနဲ့သာ ဖုန်းပြောခြင်းကို ထောက်ပံ့ပေးပါတယ်။ Shell အမည်ရ ကိရိယာကတော့ စမတ်နာရီလိုရော ဖုန်းလိုပါ သုံးနိုင်ပါတယ်။ အဲဒီအတွက် သူ့ကို ၀တ်ဆင်ထားရင် သင် ဖုန်းယူလာဖို့ မလိုတော့ပါဘူး။

သူဟာ လက်မှာ ၀တ်ဆင်ထားရင် စမတ်နာရီ ပုံသဏ္ဍာန် ဖြစ်ပါတယ်။ သူ့ကို ချွတ်လိုက်ပြီး စပီကာနဲ့ မိုက်ကရိုဖုန်း ပါတဲ့ လက်တံနှစ်ခုကို ဆွဲထုတ်လိုက်ရင်တော့ ဖုန်းလို အသုံးပြုနိုင်ပါပြီ။ သူ့ရဲ့ အိုင်ဒီယာဟာ ချပ်ဝတ်တန်ဆာ ကွန်ပြူတာနဲ့ ဖုန်းကို ပေါင်းစပ်ထားတဲ့အတွက် ထူးခြားပါတယ်။ သူ့မှာ 4G ဆက်သွယ်မှုကို သုံးနိုင်ပြီး အရည်အသွေးမြင့် အန်တင်နာများ တပ်ဆင်ထားပါတယ်။

SIM Card ကို စမတ်နာရီထဲမှာ ထည့်သွင်း အသုံးပြုရမယ့်ပုံပေါ်ပါတယ်။ သာမာန်အချိန်မှာ စမတ်နာရီလို ၀တ်ဆင်ထားနိုင်ပြီး ဖုန်းလာရင် လွယ်ကူလျှင်မြန်စွာ ချွတ်၍ ဖုန်းပြောလိုက်ရုံပါပဲ။ လက်တံတစ်ခု မှာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် 12MP Camera တစ်လုံး ပါပါတယ်။ အဲဒီလက်တံများကနေ သူ့ကို အားသွင်းနိုင်ပါတယ်။

သူ့ကို ထုတ်လုပ်ရောင်းချဖို့ မကြာခင်မှာ IndieGoGo ၀က်ဆိုက်ကနေ ရန်ပုံငွေ ကောက်ခံမှာ ဖြစ်ပါတယ်။ သူဟာ သင့်ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်းကိုတော့ မယှဉ်နိုင်ပေမယ့် အိုင်ဒီယာကတော့ ဆန်းသစ်ပါတယ်။

Ref : techradar

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category