နောက်တစ်ပတ်မှာတွေ့မြင်ရလာတော့မယ့် HTC U11 EYEs
အရင်လကပြောခဲ့တဲ့ နောက်ထွက်လာမယ့် HTC ဖုန်းဆိုတာက အခု HTC U11 EYEs အနေနဲ့ထွက်လာတော့မှာဖြစ်ပါတယ်။ ဒီဖုန်းကတော့ တရုတ်နိုင်ငံကနေ 3C certification ရထားတယ်လို့လည်း ပြောကြပါတယ်။ အခုတော့ ကုမ္ပဏီကိုယ်တိုင်ကနေ ဟန်းဆက်တွေထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပါပြီ။
Weibo အကောင့်မှာ HTC ကနေ ဇန်နဝါရီ ၁၅ ရက်နေ့ကိုဖော်ပြထားပြိး “SAVE THE DATE” လို့ရေးထားပါတယ်။
ပိုစတာမှာတော့ ဖုန်းနာမည်မပါပေမယ့် ပို့စ်မှာတော့ Eye လို့ပြထားတဲ့အတွက် ပွဲရဲ့ဇာတ်လိုက်က HTC U11 EYEs ဖြစ်မှာကျိန်းသေပါတယ်။
ဟန်းဆက်ကတော့ တစ်လုံးက Snapdragon 652 သုံးထားပြီး နောက်တစ်လုံးက Snapdragon 660 ဆိုပြီး၂မျိုးလာမှာပါ။ SD 652 ကတော့ 4GB/64GB ဖြစ်ပြီး SD 660 ကတော့ 6GB/ 128GB နဲ့လာမှာဖြစ်ပါတယ်။
အဓိက spec တွေအနေနဲ့ကတော့ 5.99 inch 18:9 ratio display, 2160×1080 pixel resolution, 5MP dual camera, 12 MP main camera ဖြစ်ပြီး ဘက်ထရီကတော့ 3,930mAh ဖြစ်မယ်လို့ သတင်းထွက်ထားပါတယ်။
ဟောင်ကောင်၊ တရုတ်နဲ့ ထိုင်ဝမ်တို့ကတော့ ဒီဖုန်းဝင်လာမယ့် ပထမဆုံးဈေးကွက်တွေဖြစ်မယ်လို့ သိရပါတယ်။
You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Ko Thuya - Apr 26, 2018သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Nwe Oo Thant - Apr 26, 2018[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Ko Thuya - Apr 26, 2018Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…
Most from this category

Leave a Comment
You must be logged in to post a comment.