152 Shares 422 Views

လုကြားထဲမှာ စမတ်ဖုန်းသုံးတဲ့အခါ ဆောင်သင့် ရှောင်သင့်တာလေးတွေ

Jan 12, 2018
152 422

လူကြားသူကြားထဲရောက်လို့ စမတ်ဖုန်းကိုသုံးရတော့မယ်ဆိုရင် သိထားရမယ့်အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

  1. ဖုန်းကို ထမင်းစား စားပွဲပေါ်မတင်ထားသင့်ပါဘူး။ ဒါက ကိုယ်နဲ့အတူတူထမင်းစားနေတဲ့သူအပေါ် ရိုင်းရာကျပါတယ်။
  2. ချိန်းတဲ့အခါမှာပဲဖြစ်ဖြစ် တခြားသူတွေနဲ့တွေ့ဆုံကြတဲ့အခါမှာပဲဖြစ်ဖြစ် ဖုန်းခေါ်တာ၊ စာပို့တာ၊ ဖေ့စ်ဘွတ်သုံးနေတာ စတာတွေမလုပ်တာကောင်းပါတယ်။ သူများပြောတဲ့စကားကို စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ သေချာနားထောင်ပေးဖို့က ယဉ်ကျေးမှုပါ။
  3. ဖုန်းမကိုင်ပါနဲ့ဆိုပေမယ့် အရေးတကြီး အရေးပေါ်ဖုန်းများ လာခဲ့သည်ရှိသော် “ဖုန်းခဏပြောဦးမယ်နော်” စသဖြင့် ယဉ်ကျေးမှုနဲ့ခွင့်တောင်းပြီး သူများလည်း အနှောင့်အယှက်မဖြစ်ရအောင်ခပ်ဝေးဝေးမှာသွားပြောလိုက်ပါ။
  4. တခြားသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။ ကိုယ်တစ်ယောက်ထဲရှိနေချိန်မှာ ဘယ်လိုပြောပြောကိစ္စမရှိပေမယ့် သူများတွေရှိတဲ့အချိန်မှာတော့ စပီကာဖွင့်ပြောတာက အရမ်းအနှောင့်အယှက်ဖြစ်ပါတယ်။
  5. အစည်းအဝေးမှာဖြစ်ဖြစ် တစ်ယောက်ယောက်က presentation ပေးနေတာပဲဖြစ်ဖြစ် အဖွဲ့လိုက်ဆွေးနွေးနေကြတဲ့အချိန်မှာ ဖုန်းပိတ်ရင်ပိတ် ဒါမှမဟုတ် silence mode ပြောင်းထားပေးပါ။
  6. အများပြည်သူစီးယာဉ်တွေ ဥပမာ ရထား၊ ဘတ်စ်ကားတွေ၊ ဧည့်ဆောင်တွေနဲ့ တန်းစီနေကြတဲ့အချိန်မျိုးမှာ ဖုန်းနဲ့စကားအကျယ်ကြီးပြောခြင်းကို ရှောင်သင့်ပါတယ်။
  7. တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါမျိုးမှာ သူပြောတာကို စိတ်ဝင်စားမှုပေးမှ အပြန်အလှန်ဆက်သွယ်မှုရပါမယ်။ အဲ့လိုအချိန်တွေမှာ ဖုန်းသုံးနေတာ သူများပြောတာကိုနားမထောင်တာ မယဉ်ကျေးရာကျပါတယ်။

ဒီတော့ သူများအမြင်မှာ “ယဉ်ကျေးမှုမရှိလိုက်တာ သူများကိုအားမနာဘူး” အဲလိုအမြင်မခံကြရအောင် ဒီအချက်ကလေးတွေကို လိုက်နာရင် ပိုကောင်းမှာပါ။

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares4 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category