304 Shares 182 Views

ဇန်န၀ါရီလထွက် အကောင်းဆုံး Android Apps များ

Jan 12, 2018
304 182

လစဉ် Android App အသစ်များစွာ ထွက်နေတဲ့အတွက် အကောင်းဆုံး Apps များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီအတွက် စာဖတ်သူများ အဆင်ပြေစေဖို့ ဇန်န၀ါရီလထွက် အကောင်းဆုံး App များကို ဖော်ပြပေးလိုက်ပါတယ်။

HabitHub – Habit and Goal Tracker

သင့်ရဲ့ ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ချင်ရင်တော့ HabitHub က ကူညီပေးနိုင်ပါတယ်။ သူ့မှာ သင့်ရဲ့ ရည်မှန်းချက်များကို သတ်မှတ်နိုင်ပြီး ကဏ္ဍများခွဲခြား၍ မှတ်သားထားနိုင်ပါတယ်။ သင့်ရည်မှန်းချက် အောင်မြင်ဖို့ စိတ်ဓါတ်ခွန်အားပေးတဲ့ စာသားများကိုလည်း ထည့်သွင်းမှတ်သားထားနိုင်ပါတယ်။ သင့်ရဲ့ အောင်မြင်မှုများကိုလည်း စောင့်ကြည့်လေ့လာနိုင်ပါတယ်။ ကျောင်းသားများ သာမက လေ့ကျင့်ခန်း ပြုလုပ်သူများ၊ အိမ်ထောင်ရှင်မများ၊ အလုပ်ကိစ္စများ အားလုံးအတွက် သူက အသုံးဝင်ပါတယ်။ သူ့မှာ Calendar View ပါတဲ့အတွက် သင့်ရဲ့ ရည်မှန်းချက်များ အချိန်မီ ပြီးဖို့အတွက် အထောက်အကူပြုပါတယ်။ နှစ်သစ်မှာ အောင်မြင်မှုများ ရယူချင်သူများအတွက်တော့ သူ့ကို သုံးလိုက်ပါ။

Download

Home Workout – No Equipment

ဒီနေ့ခေတ်မှာ Gym သွားဖို့ မအားတဲ့ လူတွေ များစွာ ရှိပါတယ်။ ဒါပေမယ့်လည်း သင့် အိမ်မှာတင် လေ့ကျင့်ခန်း ပြုလုပ်ဖို့ သင်ပြပေးနိုင်တဲ့ App များထွက်ပေါ်လာပါပြီ။ Home Workout မှာ တစ်နေ့လျှင် မိနစ်အနည်းငယ် အချိန်ပေးတာနဲ့ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းများကို ပြသပေးထားပါတယ်။ ကိရိယာလွတ် လေ့ကျင့်နည်းများ ဖြစ်ပါတယ်။ ကြွက်သားအုပ်စုများ အလိုက် အသေးစိတ် သင်ပြပေးတဲ့ နည်းလမ်းများနဲ့ ဗီဒီယိုများ ပါပါတယ်။ သွေးပူလေ့ကျင့်ခန်းများလည်း ထည့်ပေးထားပါတယ်။ ထိခိုက်နာကျင်မှုများ မဖြစ်အောင် နည်းစနစ်ကျကျ သင်ပေးထားပါတယ်။ သူ့ကို HabitHub နဲ့ တွဲသုံးရင်တော့ သင့်ရဲ့ ကိုယ်ကာယ တည်ဆောက်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်မှာပါ။

Download

Animal Crossing : Pocket Camp

Nintendo ရဲ့ Animal Crossing Game က အလွန် စွဲဆောင်မှု ရှိပါတယ်။ သူက ပျော်ပွဲစားထွက်ရတဲ့ ဂိမ်းဖြစ်ပြီး အချိန်ဖြုန်းဖို့အတွက် သင့်တော်ပါတယ်။ တိရိစ္ဆာန်များထံ လည်ပတ်ဖို့အတွက် တောင်းဆိုချက်များကို သင်က ပြည့်စုံအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်ရတဲ့ အလုပ်များဟာ ပျော်စရာကောင်းပြီး အကောင်းဆုံးကတော့ သင့်ရဲ့ ပျော်ပွဲစားကို နှစ်သက်သလို Customize လုပ်နိုင်တာ ဖြစ်ပါတယ်။ စိတ်ပျော်ရွှင်စေမယ့် ကစားနည်း ဖြစ်ပါတယ်။

Download

Ref : androidpit

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Leave a Comment

Most from this category