353 Shares 251 Views

ပေါက်ကြားလာတဲ့ Galaxy S9 ရဲ့ဘူးခွံပေါ်ကနေ သိလိုက်ရတဲ့ feature တွေက???

Jan 12, 2018
353 251

Samsung ကနေ Galaxy S9 စီးရီးတွေကို နောက်လမှာမိတ်ဆက်တော့မှာဖြစ်လို့ ပေါက်ကြားလာမှုတွေလည်း စလာပါပြီ။ ခုဆိုရင် Galaxy S9 ရဲ့ဘူးခွံပေါ်ကနေ ဖုန်းမှာပါတဲ့ feature တချို့ကိုသိလိုက်ရပါပြီ။ f/1.5 နဲ့ “Super-speed” camera, “Super Slow-mo” အပြင် AKG-tuned စတီရီယိုစပီကာတွေသုံးထားမှာဖြစ်ပါတယ်။

ဒီပုံအတိုင်းဆိုရင် Galaxy S9 က 5.8” 1440p AMOLED display တွေကို သုံးထားမှာဖြစ်ပြီး  Galaxy S8 တွေတုန်းကလို ထောင့်ဝိုင်းဝိုင်းဖြစ်ပါမယ်။ တူတဲ့အချက်တွေတော့ တော်တော်များများပါပါတယ်။ ကျောဘက်ကင်မရာက OIS ကို ထောက်ပံ့ပေးနိုင်တဲ့ 12 MP Dual Pixel camera ဖြစ်ပြီး ရှေ့ဘက် 8MP camera, ရေဒဏ်ဖုန်ဒဏ်ခံနိုင်နှုန်း IP68, iris scanner, RAM 4GB, Storage 64GB, ကြိုးမဲ့အားသွင်းစနစ်နဲ့ AKG-tuned နားကြပ်တွေပါဝင်မှာဖြစ်ပါတယ်။

Feature အသစ်တွေအနေနဲ့ ကင်မရာက “Super speed” ဖြစ်သွားပါပြီ။ ဒီနေရာမှာ aperture ကို ၂မျိုးပြထားပါတယ်။ f/1.5 နဲ့ f/2.4 ဖြစ်ပြီး f/2.4 aperture တွေကတော့ ပိုပြီးပြတ်သားတောက်ပတဲ့ ပုံတွေကိုပေးစွမ်းနိုင်မှာပါ။ W2018 ရဲ့ ကင်မရာမှာလည်း OIS ထောက်ပံ့ပေးထားပြီး 12MP Dual Pixel ဖြစ်လို့ သတင်းကြားထားတဲ့အတိုင်း Galaxy S9 မှာသုံးလာတယ်ထင်ပါတယ်။(အောက်ကတော့ Galaxy S8 တုန်းကဘူးပုံစံပါ ခပ်ဆင်ဆင်ဖြစ်နေသလိုပါပဲ)

“Super Slow-mo” ကတော့ Sony ရဲ့ 960fps slow-motion ရိုက်နိုင်စွမ်းနဲ့တူတူလောက်ဖြစ်မှာပါ။ နောက်တစ်ခု AKG-tuned speaker တွေကိုသုံးထားမှာဖြစ်ပြီး Pixel 2XL လို စတိုင်လ်မျိုးနေရာထားထားမလားတော့ မသိပါဘူး။

ပုံမှာ ဘူးကို လက်အိတ်နဲ့ကိုင်ထားတာကိုကြည့်လိုက်ရင် စက်ရုံပိုင်းကနေ ပေါက်ကြားလာတဲ့ပုံဖြစ်နိုင်ပါတယ်။ ဒီပုံထဲကအတိုင်း အမှန်တကယ်ဖြစ်မဖြစ်ကတော့ အချိန်ကပဲစကားပြောသွားပါလိမ့်မယ်။

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Leave a Comment

Most from this category