324 Shares 150 Views

သင့် စမတ်ဖုန်းရဲ့ PIN or Pattern ကို မေ့သွားရင် ဘယ်လို Unlock လုပ်မလဲ?

Jan 12, 2018
324 150

Android Device ရဲ့ PIN or Pattern ကို မေ့လျော့သွားတဲ့ အဖြစ်အပျက်များစွာ တွေ့မြင်နေကြရပါတယ်။ ဒီ Tutorial မှာတော့ အဲဒီ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံးနည်းဖြစ်တဲ့ Android Device Manager (Android 2.3 နဲ့ အထက်)

ဒီနည်းကတော့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး နည်းဖြစ်ပါတယ်။ သင့်ဖုန်းမှ Google အကောင့်ကို အခြား Device တစ်ခုကနေ Login ၀င်နိုင်တာနဲ့ဒီနည်းကို သုံးနိုင်ပါတယ်။

သင့်ရဲ့ ကွန်ပြူတာမှာ Android Device Manager ၀က်ဆိုက်ကို သွားပြီး သင့် Google အကောင့်နဲ့ Login ၀င်ပါ။ သင့် Device ကို ရွေးချယ်ပေးပြီး Lock ကို နှိပ်ပါ။ သင့်ဖုန်းကို ကုဒ်အသစ်နဲ့ Lock လုပ်ပီးတာနဲ့ သင်မေ့နေတဲ့ မူလကုဒ်အစား ကုဒ်အသစ်ကို သုံးပြီး သင့်ဖုန်းကို Unlock လုပ်နိုင်ပါပြီ။

အခြား နည်းလမ်းများ

Smart Lock (Android 5.0 နဲ့ အထက်)

Android Version အသစ်များမှာ အဟောင်းများထက် လုံခြုံရေး ပိုကောင်းလာပါတယ်။ ဥပမာအားဖြင့် သင့်အိမ်ရဲ့ ၀ိုင်ဖိုင်ကွန်ရက်ကို ချိတ်ဆက်မိခြင်း၊ သင့် Bluetooth Device တစ်ခုခုနဲ့ချိတ်ဆက်မိခြင်းများလို အခြေအနေများမှာ သင့်ဖုန်းကို အလိုအလျှောက် Unlock လုပ်ပေးတဲ့ Smart Lock လုပ်ဆောင်ချက်ဟာ ဗားရှင်းအသစ်များမှာ ပါလာပါတယ်။ အဲဒီအတွက် သင့်ဖုန်း Lock မကျမီ မှာ Smart Lock ကို Set Up လုပ်ထားသူများဟာ PIN or Pattern ကို မေ့သွားရင်တောင် အလွယ်တကူ Unlock လုပ်နိုင်ပါတယ်။

သင့် Google အကောင့်ကို သုံးပါ။ ( Android 4.4 နဲ့အောက်)

သင့် Google အကောင့်ကို မှတ်မိနေရင် သင့်ဖုန်းကို Unlock လုပ်နိုင်ပါသေးတယ်။
• သင့်ဖုန်းမှာ PIN or Pattern ကို ငါးကြိမ် မှားယွင်းအောင် ထည့်လိုက်ပါ။
• ပြီးရင်တော့ အောက်ခြေမှာ Forgot Pattern ဆိုတာ ပေါ်လာမှာပါ။ အဲဒါကို နှိပ်ပါ။
• သင့် Google အကောင့်ကို Sign In ၀င်ပါ။
• ပြီးရင်တော့ PIN or Pattern အသစ်ကို သင် သတ်မှတ်ပြီး သင့်ဖုန်းကို Unlock လုပ်နိုင်ပါပြီ။

Third Party Security Options

အချို့ စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ကိုယ်ပိုင် လုံခြုံရေး ဆော့ဖ်ဝဲများကို ထည့်သွင်းပေးထားပါတယ်။ ဥပမာအားဖြင့် ဆမ်ဆောင်းရဲ့ Find My Mobile ဖြစ်ပါတယ်။ အဲဒီကနေ သင့်ဖုန်းရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းမှာ Find My Mobile ကို ကြိုတင် Set Up လုပ်ထားရမှာပါ။ လုပ်ထားရင်တော့ သင့်ဖုန်းရဲ့ PIN or Pattern ကို မေ့သွားရင် သက်ဆိုင်ရာ ၀က်ဆိုက်ကို အခြား Device တစ်ခုနဲ့ သွားပါ။ အဲဒီကနေ Unlock လုပ်ပါ။

နောက်ဆုံး ရွေးချယ်စရာ Factory Reset

အပေါ်မှ နည်းလမ်းများနဲ့ အဆင်မပြေရင်တော့ နောက်ဆုံး ရွေးချယ်စရာက Factory Reset ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက သင့် ဖုန်းမှ ဒေတာအားလုံးကို ဖျက်ပစ်မှာ ဖြစ်ပါတယ်။ Factory Reset လုပ်ဖို့ အလွယ်ဆုံး နည်းလမ်းကတော့ Android Device Manager ၀က်ဆိုက် ဖြစ်ပါတယ်။

Android Device Manager ကို အသုံးပြုလို့ မရခြင်း သို့မဟုတ် သင့်ဖုန်းမှာ Google အကောင့် မထည့်ထားခြင်းတို့ ဆိုရင်တော့ သင့်ဖုန်းရဲ့ Recovery Mode ထဲသွားပြီး Hardware Reset လုပ်ရမှာပါ။ Recovery Mode ထဲသွားတဲ့နည်းလမ်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံး မတူပါဘူး။ များသောအားဖြင့် ဖုန်းကို ပိတ်ပြီး ပါဝါနဲ့ အသံခလုတ်များကို တစ်ပြိုင်နက်နှိပ်ရပါတယ်။ အွန်လိုင်းမှာလည်း သင့်ဖုန်းရဲ့ Recovery Mode ထဲသွားတဲ့နည်းလမ်းကို ရှာဖွေနိုင်ပါတယ်။

Ref : androidpit

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Leave a Comment

Most from this category