Camera
စမတ်ဖုန်းထုတ်ကုမ္ပဏီတွေက ဖုန်းတွေကိုဈေးကွက်တင်တဲ့အခါ ဘယ်လောက် MP ဆိုပြီး ဂဏန်းတွေနဲ့ပြောလေ့ရှိပါတယ်။ ဒါကတကယ်လည်း သုံးတဲ့သူတွေအတွက် စဉ်းစားရတာလွယ်စေမယ်လို့တော့ထင်ပါတယ်။ ဒါပေမယ့် megapixel တူတဲ့ကင်မရာချင်းအတူတူတောင် sensor အရွယ်အစားကွာသွားတာနဲ့ ရလဒ်တွေကွဲသွားမှာပါ။
ပုံတစ်ပုံကိုဖန်တီးဖို့ အလင်းပမာဏဘယ်လောက်ရယူမယ်စတာတွေကို Sensor ရဲ့အရွယ်အစားက ဆုံးဖြတ်ပေးပါလိမ့်မယ်။ sensor ပိုကြီးလေ နေရာပိုယူလေ အပူထွက်တာများလေပါပဲ။ ဒါကြောင့်ပဲ စမတ်ဖုန်းတွေထက်ကို DSLR ကင်မရာတွေက ပုံထွက်ပိုကောင်းပြီး low-light မှာ ကောင်းကောင်းရိုက်နိုင်တာပါ။
နေရာအများကြီးယူလို့မရတဲ့အတွက် စမတ်ဖုန်းတွေရဲ့ sensor ဆိုဒ်တွေက သေးနေမှာပါ။ ဒီတော့ အရည်အသွေးမြင့်ပုံတွေရဖို့အတွက် sensor size အစား image processing algorithm တွေကိုပိုကောင်းအောင် လုပ်လာကြပါတယ်။ ပုံကိုရိုက်လိုက်ပြီး မီလီစက္ကန့်အနည်းငယ်အတွင်းမှာကို အချက်အလက်ပေါင်းများစွာကိုစုအလုပ်လုပ်ပြီး အပြင်နဲ့ထပ်တူကျ သဘာဝဆန်တဲ့ပုံတွေ ထွက်လာပါတယ်။ ခုခေတ် နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာဆိုရင် sensor တွေလည်း ပိုကြီးလာပြီး image processing နည်းပညာတွေကလည်း ပိုပိုကောင်းလာကြပါပြီ။
ခုချိန်မှာခေတ်စားနေတာကတော့ ကင်မရာ၂လုံး dual-camera တွေပါ။ သူတို့အလုပ်လုပ်ပုံက ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာ လိုအပ်တဲ့အချက်အလက်တွေအကုန်လုံးကိုစုပြီး image processing algorithm ထဲထည့်နိုင်တဲ့အတွက် ရလဒ်အနေနဲ့ ပုံကောင်းကောင်းလေးတွေထွက်လာတာပါပဲ။
IP67 and IP68
လက်ရှိအချိန်ဈေးကွက်မှာ ရေစိုခံဖုန်းတွေအများကြီးရှိနေပါပြီ။ IP (International Protection) ဆိုတာကတော့ စမတ်ဖုန်းတွေရဲ့ကာကွယ်နိုင်စွမ်းကို စမ်းသပ်ခန်းမှာစမ်းသပ်ပြီး တိုင်းတာတဲ့အမှတ်အသားပါ။ “6” ဆိုတာကတော့ စမတ်ဖုန်းတွေရဲ့ဖုန်ဒဏ်ခံနိုင်စွမ်းဖြစ်ပြီး သူ့နောက်က ဂဏန်းကတော့ ရေစိုခံနိုင်နှုန်းပါ။ “IP67” လို့ဆိုလိုက်ရင်တော့ ဖုန်းက ရေအောက် ၁မီတာအကွာအဝေးအထိ မိနစ်၃၀ ရေစိုခံနိုင်ပါတယ်။ IP68 ဆိုရင်တော့ ရေအောက် ၁.၅မီတာအကွာဝေးထိ မိနစ် ၃၀ ရေစိုခံနိုင်ပါတယ်။
ဒါပေမယ့် လက်တွေ့ခန်းမှာစမ်းသပ်တာက ရေသန့်တွေနဲ့ဖြစ်လို့ ရေကူးကန်ထဲက ဓာတုပစ္စည်းတွေ ပင်လယ်ထဲကဆားငန်ရေတွေနဲ့တွေ့ရင် ခံနိုင်ရည်အားပြောင်းသွားနိုင်ပါတယ်။ ဥပမာဆိုရင် ဆားက တိုက်စားတတ်တဲ့သဘောတရားရှိလို့ အချိန်ကြာလာတဲ့အမျှ ဖုန်းကိုဒုက္ခပေးလာနိုင်ပါတယ်။
တချို့ရေစိုခံဖုန်းတွေကတော့ ရေကူးကန်ထဲဖုန်းကိုယူမသွားသင့်ဘူးဆိုတဲ့ recommendation လေးတွေပါတတ်ပါတယ်။
ဘာအတွက် အရေးပါလဲဆိုတော့ မိုးရွာတဲ့အချိန်မှာဖြစ်ဖြစ် ရေထဲပြုတ်ကျသွားတဲ့အချိန်မှာဖြစ်ဖြစ် သူဘယ်လောက်အရေးပါလဲဆိုတာသိလာပါလိမ့်မယ်။
Connectivity
4G
Network ချိတ်ဆက်မှုတွေလည်း တဖြည်းဖြည်းတိုးတက်လာပြီး ခုဆို 4G connectivity ထိရောက်နေပါပြီ။ လက်ရှိအချိန်ထိမှာတော့ 4G က နောက်ဆုံးမိုဘိုင်းလ်အင်တာနက်နည်းပညာဖြစ်နေပြီး အွန်လိုင်းကနေ ဗီဒီယိုတွေကိုအထစ်အငေါ့မရှိကြည့်လို့ရသလို ဗီဒီယို call တွေလည်း အဆင်ပြေပြေပြောနိုင်တဲ့ network ပါ။ သူ့ရဲ့နှုန်းကတော့ ၁စက္ကန့်ကို 300Mb လောက်ထိရှိပါတယ်။
NFC
ဒါကတော့ ဟိုတစ်ခေါက်ကတည်းကပြောပြီးသားလေးပါ။ Near Field Communication ကိုခေါ်ပြီး စမတ်ဖုန်းတစ်လုံးနဲ့ တခြား NFC ပစ္စည်းတစ်ခုခုနဲ့ကြားမှာ ဒေတာတွေပေးပို့လို့ရပါတယ်။ ဥပမာ သူများတွေဆီမှာတော့ ဘတ်စ်ကားလတ်မှတ်တွေ၊ ငွေပေးချေတာတွေနဲ့ ဖုန်း၂ခုကိုကပ်ပြီး ဒေတာတွေမျှဝေတာတွေ စတာတွေမှာ NFC chip တွေကိုသုံးတတ်ပါတယ်။
စမတ်ဖုန်းတွေမှာသုံးတတ်တဲ့ terms လေးတွေရဲ့ ကဏ္ဍကတော့ ပြီးသွားပါပြီ။ သိချင်တဲ့အကြောင်းအရာလေးတွေကို comment မှာ ချန်ထားခဲ့လို့ရပါတယ်နော်…;)
Connectivity