427 Shares 83 Views

Razer ဖုန်းကို လပ်တော့ပ်တစ်လုံးအဖြစ်ပြောင်းလဲပေးမယ့် Project Linda

Jan 12, 2018
427 83

Razer ရဲ့ Project Linda ဆိုတာကတော့ Razer ဖုန်းနဲ့တွဲသုံးရမယ့် လပ်တော့ပ်တစ်လုံးပါ။ ကိုယ်ထည်လည်းကြီးပြီး Andriod ဖုန်းကို screen ကြီးကြီးနဲ့သုံးရသလိုခံစားရစေမှာပါ။

_ ဒီ လပ်တော့ပ်မှာ Razer စမတ်ဖုန်းကို touchpad နေရာလေးမှာထည့်သုံးဖို့ နေရာထားပေးထားပါတယ်။ လပ်တော့ပ်တစ်လုံးရဲ့ trackpad (touchpad) အနေနဲ့လည်း သုံးလို့ရသလို second screen အနေနဲ့လည်း သုံးလို့ရမှာပါ။

_ ဖုန်းကိုအားသွင်းပေးနိုင်ဖို့ power bank ကိုလည်း Project Linda မှာ built-in ထည့်ပေးထားပါတယ်။ နားကြပ်ပေါက်၊ webcam, စပီကာနဲ့ USB ပေါက်တွေလည်းပါတဲ့အပြင် Razer laptop တစ်လုံးမှာရနိုင်တဲ့ feature တွေအားလုံးပါဝင်ပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ Razer ဖုန်းမပါရင် အလုပ်မဖြစ်တာပါပဲ။

_ ဖုန်းကိုမှ ကီးဘုတ်ပါတဲ့ လပ်တော့ပ်တစ်လုံးအနေနဲ့သုံးရတယ်ဆိုတာ တော်တော်လေးအဆင်ပြေသလို သုံးရလည်းလွယ်ကူပါတယ်။ ဥပမာ စာအရှည်ကြီးတွေရေးချင်တဲ့အခါမျိုးတွေမှာ ဖုန်း screen သေးသေးလေးကိုပြူးပြဲကြည့်ရိုက်နေရတာထက်တော့ ဒီလိုသုံးလိုက်ရတာပိုအရသာရှိမှာပါ။ Razer ရဲ့ ဂိမ်းလပ်တော့ပ်တွေလောက်အသုံးမဝင်ပါဘူး စွမ်းရည်မပြည့်ပါဘူးလို့ထင်ရင်တော့ ဒါကိုအပိုသက်သက်တီထွင်မှုတစ်ခုလို့ပဲ ထင်ကောင်းထင်ပါလိမ့်မယ်။

_ လက်ရှိမှာစမ်းသပ်ဆဲအဆင့်မှာရှိနေပြီးတော့ ထွက်ရှိမယ့်ရက်ကိုဝဘ်ဆိုဒ်မှာမကြေညာထားသေးပါဘူး။ Razer Page မှာတော့ update တွေစောင့်မျှော်ကြည့်နိုင်ပါတယ်။

You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Android, FEATURES, HUBS
73 shares9 views

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter

Ko Thuya - Apr 26, 2018

သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Apple, NEWS
144 shares36 views

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple

Nwe Oo Thant - Apr 26, 2018

[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ  iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Android, FEATURES, Huawei
156 shares38 views

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်

Ko Thuya - Apr 26, 2018

Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…

Leave a Comment

Most from this category