160 Shares 53 Views

Nokia ရဲ့ Asha ဘတ်ဂျတ်ဖုန်းတွေများ တစ်ကျော့ပြန်အသက်ဝင်လာမလား??

Jan 12, 2018
160 53

– HMD Global ကနေ Nokia ရဲ့ Asha ဆိုတဲ့နာမည်ကိုပြန်လည်ရယူဖို့ ခွင့်ပြုချက်တင်ထားပါပြီ။

– Nokia ရဲ့ Asha ဖုန်းတွေဆိုတာကတော့ feature ဖုန်းတွေနဲ့ စမတ်ဖုန်းတွေကြားမှာ ကြားကျနေတယ်ဆိုရမယ့်ဖုန်းတွေပါ။

– ဒီ Asha နာမည်နဲ့ဖုန်းတွေကို ၂၀၁၄ ကတည်းက ဆက်မထုတ်တော့တာပါ။

ခလုတ်ဖုန်းတွေခေတ်စားခဲ့ချိန်ကို မီခဲ့သူတွေကတော့ Nokia ရဲ့ Asha ဆိုတဲ့နာမည်ကို ရင်းနှီးကြမှာပါ။ စမတ်ဖုန်းစစ်စစ်ကြီးမဟုတ်ပေမယ့် touchscreen နဲ့ Facebook, Twitter တွေသုံးလို့ရတဲ့ ဘတ်ဂျတ်ဖုန်းတစ်မျိုးပါ။ ၂၀၁၄ မှာကတည်းက ရပ်တန့်ပျောက်ကွယ်သွားပေမယ့် အခုပြန်လည်အသက်ဝင်လာဖို့ လမ်းစဖြစ်နေပါပြီ။

Asha ဆိုတဲ့နာမည်ကို EU မူပိုင်ခွင့်ရုံးမှာတင်ထားပြီး HMD Global က Nokia ရဲ့ Asha ဆိုတဲ့နာမည်မပျောက်ကွယ်သွားအောင် နာမည်လွှဲပြောင်းယူဖို့ ကြိုးစားနေဆဲပါ။ HMD အတွက်တော့ ဒီနာမည်ကိုဆက်သုံးဖြစ်တာ မသုံးဖြစ်တာ အရေးမကြီးသေးပါဘူး။ လက်ရှိအချိန်မှာတော့ အရမ်းကို ဘတ်ဂျက်သင့်တဲ့ဖုန်းဖြစ်တဲ့ Nokia 1 တွေကို ဈေးကွက်ကိုအရောက်ပို့ဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်နေပါတယ်။ ဒါပေမယ့် နောင်ကျရင်တော့ ဘတ်ဂျတ်ဖုန်းဆိုတဲ့ခေါင်းစဉ်အောက်မှာ Asha နာမည်နဲ့ Nokia ဖုန်းတွေတွေ့ဖို့အလားအလာရှိနေပါတယ်။

You may be interested

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter
Android, FEATURES, HUBS
73 shares9 views

Video များကနေ ဓါတ်ပုံများ ပြောင်းပေးမယ့် Video to Image Converter

Ko Thuya - Apr 26, 2018

သင် ရိုက်ကူးထားတဲ့ ဗီဒီယိုများ၊ ရုပ်ရှင်များမှ ဇာတ်ဝင်ခန်း အချို့ကို ဓါတ်ပုံအဖြစ် ပြောင်းလဲ သိမ်းဆည်းချင်တဲ့ အခြေအနေမျိုးတွေ ကြုံရဖူးမှာပါ။ ဗီဒီယိုကို ကြည့်ရှုနေစဉ်မှာ နှစ်သက်တဲ့ အခန်းကို ခဏရပ်နားပြီး Screenshot ရိုက်၍ ဓါတ်ပုံအဖြစ် သိမ်းဆည်းနိုင်ပေမယ့် နှစ်သက်တဲ့ အခန်းဟာ အနည်းငယ်ရှည်လျားပြီး…

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple
Apple, NEWS
144 shares36 views

Android user တွေကို ကြော်ငြာဗီဒီယိုတွေနဲ့စွဲဆောင်လိုက်တဲ့ Apple

Nwe Oo Thant - Apr 26, 2018

[Zawgyi] Appl ရဲ့ "Life's easier on iPhone" ဗီဒီယိုတွေမှာ  iPhone တွေက Android တွေထက် တစ်ချို့ကိစ္စတွေမှာပိုပြီးလွယ်လွယ်ကူကူလုပ်ဆောင်နိုင်ကြောင်း ရိုက်ပြထားပါတယ်။ ကုမ္ပဏီရဲ့ကြော်ငြာဗီဒီယိုအသစ်၂ခုမှာတော့ User တွေက Android ကနေ iPhone ကိုခုန်ကူးသွားတဲ့ဗီဒီယိုလေးပါ။ အပြင်မှာလည်း Android ကနေ iPhone ကိုပြောင်းသုံးလာကြတဲ့နှုန်းက…

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်
Android, FEATURES, Huawei
156 shares38 views

ဈေးသက်သာတဲ့ Huawei Y9 (2018) ကို လေ့လာကြည့်ရအောင်

Ko Thuya - Apr 26, 2018

Huawei Y9 (2018) ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းဖြစ်ပြီး ကင်မရာ လေးလုံးတောင် ပါဝင်တာက သူ့ရဲ့ ထူးခြားချက်ပါ။ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ ဖုန်း ဖြစ်ပြီး မြန်မာငွေ ၂၅၀ ၀၀၀ ၀န်းကျင်သာရှိတဲ့အတွက် ဘတ်ဂျတ်သမား ကဏ္ဍမှာ ဖော်ပြလိုက်ပါတယ်။ Design…

Leave a Comment

Most from this category