Facebook က မီဒီယာများ အစား မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ ပို့စ်များကို ပိုမို ပြသမည်

Facebook က News Feed ကို ထပ်မံ ပြောင်းလဲလိုက်ပြန်ပါပြီ။ ဒီတစ်ခါတော့ သတင်းမီဒီယာများမှ ပို့စ်များ၊ နာမည်ကျော် ဗီဒီယိုများ အစား မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ ပို့စ်များကို News Feed မှာ ပိုမို ပြသမယ့် Algorithm ကို ပြန်လည် အသုံးပြုလာပါတယ်။ ဒီပြောင်းလဲမှုကို Facebook CEO Mark Zuckerberg က ကြာသပတေးနေ့မှာ ပို့စ်တစ်ခုဖြင့် ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

သူက “ Users များအတွက် ပိုမို အဓိပ္ပါယ်ရှိတဲ့ လူမှု ဆက်ဆံရေးကို ရရှိစေဖို့ ရည်ရွယ်ပါတယ်။ ယခု ပြောင်းလဲမှုဟာ လူတိုင်းအတွက် ပိုမို ကောင်းမွန်လာမှာပါ။ သုတေသနစစ်တမ်းက ချစ်ခင်နှစ်သက်သူများနဲ့ ဆက်သွယ်ဖို့ လူမှုကွန်ရက်ကို အသုံးပြုသူများဟာ ကျန်းမာကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ ရင်းနှီးနွေးထွေးမှု လိုအပ်ပြီး အထီးမကျန်သင့်ပါဘူး။ ဒါမှသာ ရေရှည်မှာ စိတ်ရော လူပါ ကျန်းမာမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများမှ ပို့စ်များကို အနည်းငယ်သာ ပြသမှာ ဖြစ်တဲ့အတွက် သူငယ်ချင်းများရဲ့ ပို့စ်များ၊ သူတို့ မျှဝေတဲ့၊ Like လုပ်တဲ့ ပို့စ်များကို များစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Ref : mashable

%d bloggers like this: