0 Shares 72 Views

ရှောင်မီက အိန္ဒိယမှာ Redmi 5A အလုံးရေ ၁ သန်းကျော် တစ်လအတွင်း ရောင်းချရ

Jan 12, 2018
0 72

ရှောင်မီက ယခင်နှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ အိန္ဒိယတွင် ဈေးနှုန်း သက်သာတဲ့ Redmi 5A စမတ်ဖုန်းကို ရောင်းချပေးခဲ့ပါတယ်။ တစ်လအတွင်းမှာပဲ အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ Xiaomi India ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဖြစ်သူ Manu Kumar Jain က ပြောပါတယ်။ သူက Twitter မှာ ဒီသတင်းကို ပြောကြားလိုက်ခြင်း ဖြစ်ပြီး Mi Fans များကို ကျေးဇူးတင်ကြောင်းနဲ့ သူ့ရဲ့ ပို့စ်ကို Retweet ပြုလုပ်သူများထဲမှ ကံထူးသူ ငါးဦးကို Mi Band HRX စမတ်လက်ပတ်ကို လက်ဆောင်ပေးမယ်လို့ ရေးသားထားပါတယ်။

Xiaomi Redmi 5A ကို Desh Ka Smartphone အဖြစ် အရောင်းမြှင့်တင်ခဲ့ပြီး သာသာပြန်ရရင်တော့ အိန္ဒိယရဲ့ စမတ်ဖုန်းလို့ အဓိပ္ပါယ်ရပါတယ်။ အိန္ဒိယလူမျိုးများအတွက် အိန္ဒိယလူမျိုးများက ထုတ်လုပ်ထားတယ်လို့လည်း ဘာသာပြန်လို့ရပါတယ်။

အဲဒီ စမတ်ဖုန်းကို မော်ဒယ်နှစ်ခု ထုတ်လုပ်ပေးထားပြီး 2GB RAM/ 16GB Storage နဲ့ 3GB RAM/ 32GB Storage တို့ ဖြစ်ကြပါတယ်။ ပထမမော်ဒယ်ကို ရူပီး ၅၉၉၉ ကနေ ရူပီး ၄၉၉၉ သို့ ဈေးလျှော့ပေးခဲ့ပါတယ်။ ဒုတိယ မော်ဒယ်ကို ရူပီး ၆၉၉၉ ဖြင့် ရောင်းချပေးနေပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးကို အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး Flipkart ကနေ ရောင်းချပေးနေပါတယ်။

Ref : gsmarena

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
224 shares40 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Leave a Comment

Most from this category