0 Shares 209 Views

Snapdragon 845 ပါမယ့် OnePlus 6 ကို ဇွန်လမှာ ရောင်းမယ်လို့ စီအီးအို အတည်ပြု

Jan 12, 2018
0 209

ယခင်နှစ်နှောင်းပိုင်းက Qualcomm Snapdragon 845 Chipset ပါတဲ့ စမတ်ဖုန်း စာရင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီစာရင်းမှာ OnePlus 6 လည်း ပါလာပြီး ဇွန်လမှာ ရောင်းမယ်လို့ ရေးသားထားပါတယ်။ အခုတော့ Cnet နဲ့ အင်တာဗျူးမှာ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Pete Lau က အဲဒီ သတင်းများကို အတည်ပြုလိုက်ပါတယ်။

သူက Snapdragon 845 ကလွဲပြီး အခြား ရွေးချယ်စရာ မရှိပါဘူးလို့ ပြောပါတယ်။ OnePlus 6 ကို ဇွန်လကုန်လောက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ စီအီးအိုက OnePlus 6 အမည်ကို ပြောကြားခြင်း မရှိပေမယ့် အဲဒီအမည်ကိုပဲ ပေးထားမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ပြောပါတယ်။ Lau က ယခုနှစ်မှာ OnePlus 6T ကို ရောင်းချမယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်လုံး T မော်ဒယ်ကို ရောင်းချခဲ့တဲ့အတွက် ဒီနှစ်မှာလည်း ရောင်းချဖို့ သေချာနေပါတယ်။

ကုမ္ပဏီက သူ့ရဲ့ ဖုန်းများကို အမေရိကန်မှာ ရောင်းချဖို့ အမေရိကန် Carrier များနဲ့ပူးပေါင်းနေပါတယ်။ စီအီးအိုက မှန်ကန်တဲ့ အခွင့်အရေးနဲ့ အချိန်ကောင်းကို ရရှိရင်တော့ အမေရိကန်မှာ စမတ်ဖုန်း ရောင်းချဖို့ စိတ်ဝင်စားပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက အမေရိကန် Carrier များနဲ့ ပူးပေါင်းနေတဲ့ အခြေအနေကို မပြောသေးပါဘူး။

Ref : gsmarena

You may be interested

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ
Apple, NEWS
93 shares33 views

စမတ်ဖုန်းဘက်ထရီကို သွားနဲ့ကိုက်ပြီးစမ်းတယ်ဆိုပဲ

Nwe Oo Thant - Jan 24, 2018

တရုတ်နိုင်ငံမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်မှာ လူတစ်ယောက်က ဘက်ထရီကိုသွားနဲ့ကိုက်ပြီး စမ်းသပ်ကြည့်တဲ့အချိန်မှာပဲ ပေါက်ကွဲမှုအသေးစားလေးဖြစ်သွားခဲ့ပါတယ်။ ဆိုင်ရဲ့ စီစီတီဗွီကင်မရာမှာရိုက်ကူးမိထားတဲ့ဗီဒီယိုဖိုင်လေးကို ဝဘ်ဆိုဒ်မှာတင်ခဲ့ပြီး ကြည့်ရှုသူပေါင်း ၄.၆၉ သန်းတောင် ရှိသွားခဲ့ပါတယ်။ Taiwan News ရဲ့ဖော်ပြချက်အရ ဇန်နဝါရီလ ၁၉ရက်နေ့မှာ လူတစ်ယောက်က သူ့ရဲ့ iPhone ဘက်ထရီကို လဲဖို့ဆိုင်ကိုလာခဲ့တာပါ။…

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ
Tips
118 shares234 views

သင့် Android ဖုန်းကိုပိုမြန်သွားစေမယ့်အချက်လေးတွေ

Nwe Oo Thant - Jan 24, 2018

ဘယ်သူမှတော့ ကိုယ့်ဖုန်းကို နှေးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အမျှ နှေးလာတာ၊ storage နေရာသိပ်မကျန်တာ၊ bugs တွေစသဖြင့် အမျိုးစုံအောင်ဖြစ်လာတာပါပဲ။ ဒီတော့ ကိုယ့်ဖုန်းရဲ့ performance ကိုမြန်အောင်လုပ်လို့ရမယ့် အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁. မသုံးတဲ့ app တွေကို uninstall လုပ်ပါ။…

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ
Android, HUBS, Mobiles & Tablets
0 shares289 views

Xiaomi က MIUI 10 ကို စတင် ဖန်တီးပြီ

Ko Thuya - Jan 24, 2018

ရှောင်မီရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ ဟုန်ဖန်းက ဘေဂျင်းမှာ ကျင်းပတဲ့ ပွဲတစ်ခုမှာ ကုမ္ပဏီဟာ MIUI 10 ကို စတင် ဖန်တီးနေပြီလို့ ကြေညာလိုက်ပါတယ်။ သူက MIUI 10 မှာ ဥာဏ်ရည်တု နည်းပညာနဲ့ Machine…

Leave a Comment

Most from this category