စမတ်ဖုန်းအစိတ်အပိုင်းတွေရဲ့ အသုံးအနှုန်းတွေနဲ့ ကွာခြားပုံလေးတွေ (Part III)

Battery

ဖုန်းတစ်လုံးနဲ့ပတ်သတ်လာတဲ့အခါ တော်တော်များများသိချင်ကြတာက ဘက်ထရီဘယ်လောက်ခံလဲဆိုတာပါ။ တစ်နေ့တောင် ကောင်းကောင်းမခံတဲ့ဘက်ထရီကိုတော့ ဘယ်သူကမှ မသုံးချင်တာတော့ ကျိန်းသေပါတယ်။ ဒါပေမယ့် ဘက်ထရီသက်တမ်းဘယ်လောက်ခံလဲဆိုတာက ကိုယ်ဘာတွေသုံးလဲဆိုတာပေါ်လည်း မူတည်နေပါသေးတယ်။

mAh

အရှည်ကတော့ milli amp hour ဖြစ်ပြီးတော့ စမတ်ဖုန်းဘက်ထရီရဲ့သိုလှောင်နိုင်အားကိုဆိုပါတယ်။ resolution မြင့်တဲ့ display တွေဆိုရင် resolution နိမ့်တဲ့ display တွေထက် ပိုပြီးအားကုန်ပါတယ်။ နောက်ပြီး စမတ်ဖုန်းတွေမှာ core တွေများလေလေ အားပိုကုန်လေပါပဲ။ ဒါကြောင့် ခုနောက်ပိုင်းဆို နည်းပညာကုမ္ပဏီတွေက ဘက်ထရီကိုစိံမံခန့်ခွဲတဲ့ ပိုကောင်းတဲ့နည်းပညာတွေကို ထွင်လာကြတာပါ။ စွမ်းရည်မြင့်တဲ့ feature တွေနဲ့ ဘက်ထရီသက်တမ်းကတော့ အချိုးကျနေမှာသေချာပါတယ်။

ဥပမာပြရရင် Nokia ရဲ့ 3310 ဖုန်းဆိုရင် stand by ထားရင် ရက် ၃၀တောင်ခံပါတယ်။ အကြောင်းရင်းက သူ့မှာဘာ feature မှသုံးစရာမရှိတော့ အားမကုန်တာ ရှင်းပါတယ်။ ခုနောက်ပိုင်း စမတ်ဖုန်းတွေကျတော့ အီးမေးလ်တွေ ဆိုရှယ်မီဒီယာတွေသုံးတဲ့အတွက် အားကုန်တတ်တာပါ။

Lithium Polymer

Lithium Polymer ဘက်ထရီတွေကျတော့ ပေါ့ပါးပြီး သေးငယ်တဲ့အတွက် ပါးလွှာတဲ့စမတ်ဖုန်းတွေမှာသုံးပါတယ်။ နေရာသေးသေးလေးထဲမှာ အားများများသိမ်းထားနိုင်ပြီး power bank တွေမှာလည်း သုံးပါတယ်။

အားသိုလှောင်နိုင်စွမ်းကောင်းတာကြောင့် အမြင့်ပိုင်း high-end စမတ်ဖုန်းတွေမှာ အများဆုံးသုံးကြပြီး တခြားသော ဘက်ထရီနည်းပညာတွေထက်လည်း ဈေးပိုကြီးပါတယ်။ တခြားသော ဘက်ထရီနည်းပညာနဲ့မတူတဲ့တစ်ချက်က မမ်မိုရီကိုသွားမထိခိုက်တာပါ။ ဒါကြောင့် ဘက်ထရီအောက်ဆုံးအဆင့်ထိရောက်ပြီး အနီပြနေရင်တောင်မှ မမ်မိုရီကျသွားခြင်းမရှိပါဘူး။ ဒါကြောင့် ကိုယ့်ဖုန်းရဲ့ တစ်နေရာရာများထိခိုက်သွားမလားဆိုတာ စိုးရိမ်စရာမလိုဘဲ ကြိုက်တဲ့အချိန် ကြိုက်သလိုအားသွင်းလို့ရနိုင်မှာပါ။

Lithium Ion

သူလည်း ခုနကလိုပဲ မမ်မိုရီကိုသွားထိခိုက်ခြင်းမရှိပါဘူး။ Lithium Ion ဘက်ထရီတွေကလည်း အားများများသိုလှောင်နိုင်ပေမယ့် Lithium polymer တွေနဲ့တော့ အဆင့်ချင်းမတူပါဘူး။ အနိမ့်စားဖုန်းတွေကနေ mid-range ဖုန်းတွေထိကတော့ Lithium Ion ဘက်ထရီတွေကိုသုံးပြီး Polymer ဘက်ထရီတွေထက် ပိုဈေးသက်သာပါတယ်။

Nickel Metal Hydride & Nickel Cadmium batteries

သူကတော့ ဈေးတော်တော်ပေါတယ်လို့ ဆိုလို့ရပါတယ်။ ဒီဘက်ထရီတွေမှာတော့ အားသွင်းချင်တဲ့အချိန်မှာသွင်း ဖြစ်ချင်သလိုဖြစ်ပစ်ထားလို့မရပါဘူး။ ဂရုတစိုက်မသွင်းတတ်ဘူးဆိုရင်တော့ အခြေအနေမကောင်းပါဘူး။

သူက ဈေးကွက်ထဲမှာလည်း တော်တော်လေးနည်းပြီး Lithium Ion နဲ့ Lithium Polymer ဘက်ထရီတွေလောက် မသုံးကြပါဘူး။ ဒါကြောင့် ဖုန်းတစ်လုံး တော်တော်ကြီးဈေးပေါနေတယ်လို့ ခံစားမိလိုက်ရင် Nickel ဘက်ထရီလားအရင်စစ်ကြည့်လိုက်ပါ။ တကယ်လို့များ ဘက်ထရီပျက်သွားခဲ့သည်ရှိသော် အစားထိုးဖို့ရှားပါးတတ်လို့ပါ။ နောက်တစ်ချက်က သူ့ရဲ့ဘက်ထရီနည်းပညာက မသုံးတဲ့အချိန်မှာ ဘက်ထရီအား ကျသွားတတ်တာကြောင့် အသုံးမခံမယ့်အတူတူ အသစ်လဲရမယ့်ကိန်းက ပိုများပါတယ်။

%d bloggers like this: