စိတ်ဖိစီးတိုင်း စိုးရိမ်ပူပန်မှုတွေပေါ်လာတိုင်း ဆော့သင့်တဲ့ဂိမ်းလေးတွေ

  1. Pigment (iOS, Android)

အပြင်မှာ ဆေးရောင်ခြယ်စာအုပ်တွေဝယ်ရ ရောင်စုံခဲတံတွေ ဆေးရောင်တွေဝယ်ရတာ ဈေးကြီးပါတယ်။ ဈေးသက်သက်သာသာဖြစ်ချင်ရင်တော့ ဒီဂျစ်တယ်ဆေးရောင်ခြယ်စာအုပ်လေးကို ဒီဂျစ်တယ်ရောင်စုံခဲတံတွေနဲ့သာ ဆေးခြယ်လိုက်ပါ..;) စိတ်ဖိစီးမှုတွေဖြစ်လာရင်ပဲဖြစ်ဖြစ် ပျင်းလာရင်ပဲဖြစ်ဖြစ် ဆော့ကြည့်သင့်တဲ့ဂိမ်းလေးတစ်ခုပါ။

à iOS နဲ့ Android မှာ free ရယူနိုင်ပြီး သူပေးထားတဲ့ရုပ်ပုံတွေကိုပဲ ဆေးခြယ်လို့ရနိုင်ပါမယ်။ငွေနည်းနည်းသုံးဝယ်ရင်တော့ ပုံတွေများများဆေးခြယ်လို့ရမှာပေါ့..

  1. Hearthstone (iOS, Android)

blank

သူလည်းအလွယ်တကူကောက်ဆော့လ ို့ကောင်းတဲ့ဂိမ်းတစ်ခုပေမယ့် ဂိမ်းထဲက in-app purchase တွေဝယ်မဆော့ရင် ဆရာကျဖို့တော့ မလွယ်တဲ့ဂိမ်းတစ်ခုပါ။ စားပွဲပေါ်မှာတင်ဆော့ကြတဲ့ ကဒ်ဂိမ်းကိုမှ ဒီဂျစ်တယ်ဗားရှင်းနဲ့ပါ။

à iOS နဲ့ Android မှာ Free ရယူနိုင်ပါတယ်။ (PC တွေမှာလည်း ဆော့လို့ရပါတယ်)

  1. Pokémon Go (iOS, Android)

blank

သူကတော့ အရင်က တော်တော်လေးကို အုတ်အော်ေ သာင်းနင်းဆော့ခဲ့ကြတဲ့ ဂိမ်းတစ်ခုပါ။ ဒါပေမယ့် အဲ့တုန်းကပဲနာမည်ကြီးပြီး အများစုက ဆက်မဆော့ကြတော့ပါဘူး။ ရိုးရိုးရှင်းရှင်းဆော့ အကောင်ဖမ်းပြီး လမ်းလည်းလျှောက်ဖြစ်သလိုဖြစ်သွားတော့ ဆောလို့ကောင်းပါတယ။ သိပ်မကြာသေးခင်က update ထွက်ပေးထားပါသေးတယ်။

à iOS နဲ့ Android မှာ Free ရယူနိုင်ပါတယ်။

  1. Jigsaw Puzzle (iOS, Android)

blank blank

သူကတော့ puzzle ဆက်တဲ့ဂိမ်းလေးပါ။ တကယ် puzzle အပိုင်းလေးတွေဝယ်ဆော့ရတာက ပိုက်ဆံကုန်ပါတယ်။ ပျောက်သွာရင်လည်း ဆော့လို့အဆင်မပြေတော့ ဒီ ဒီဂျစ်တယ် puzzle ဂိမ်းလေးနဲ့ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လိုက်ရအောင်။

à iOS နဲ့ Android မှာ Free ရယူနိုင်ပါတယ်။

  1. Drop7 (iOS, Android)

blank

သူကတော့ သဘောတရားကိုသာ နားလည်သွားရင် စွဲတောင်စွဲသွားနိုင်တဲ့ ဂိမ်းတစ်ခုပါ။ ကိန်းဂဏန်းအဝိုင်းလေးတွေကို နံပါတ်တူတွေရှိတဲ့ column တွေ row တွေမှာ လိုက်ချရမှာပါ။

à iOS နဲ့ Android မှာ Free ရယူနိုင်ပါတယ်။

စိတ်ဖိစီး စိတ်ပင်ပန်းလာတဲ့အခါတိုင်း ဆော့ကြည့်သင့်ပါတယ်။ ဆော့ရင်းနဲ့စွဲသွားရင်တော့ 😉

%d bloggers like this: