မနေ့က display နဲ့ resolution အကြောင်းပြောခဲ့ပြီးပြီဆိုတော့ ဒီနေ့ ဖုန်းတွေရဲ့ကိုယ်ထည်မှာအသုံးပြုတဲ့ material တွေနဲ့ RAM, Processor, Operating System တွေအကြောင်း ပြောပြပေးသွားပါမယ်။
Materials
ဖုန်းတစ်လုံးဝယ်တဲ့အခါမှာ ကိုယ်ထည်ကိုဘာနဲ့လုပ်ထားသလဲဆိုတာကလည်း ဂရုတစိုက်ရွေးချယ်ရတဲ့အချက်တစ်ချက်ပါ။ တစ်ခုချင်းစီကတော့ သူ့အားသာချက် အားနည်းချက်ကိုယ်စီနဲ့ပေါ့….
Plastic
ပလတ်စတစ်ကိုယ်ထည်တွေကတော့ ဈေးသက်သာတဲ့အတွက် အနိမ့်ပိုင်းစမတ်ဖုန်းတွေမှာသုံးကြပါတယ။် ပလတ်စတစ်ကိုယ်ထည်နဲ့ဖုန်းတွေကတော့ ပြင်ဆင်ရတဲ့အခါမှာလည်း ဈေးသက်သာသလို ပြုတ်ကျလည်း အရမ်းစိတ်ပူစရာမရှိပါဘူး။
ဖန်ကိုယ်ထည်
လက်ရှိအချိန်မှာတော့ စမတ်ဖုန်းကိုယ်ထည်ကိုရှေ့ရောနောက်ပါ ဖန်နဲ့သုံးတာက trend တစ်ခုလိုကိုဖြစ်နေပါပြီ။ တောက်ပြောင်နေတဲ့အတွက် ကြည့်ရတာတောင် တော်တော်ဆွဲဆောင်မှုရှိလွန်းပါတယ်။ ဒါပေမယ့် လက်ရာတွေထင်တတ်လို့ ခနခနသုတ်ရတာအပြင် ပွန်းရာအစင်းရာတွေထင်ရင်သိသာတာနဲ့ ပြုတ်ကျလို့ကျကွဲသွားရင်တောင် ပြန်ပြင်ဆင်စရိတ်(အစားထိုး)က အရမ်းဈေးကြီးပါတယ်။
အလူမီနီယမ်
အရည်အသွေးမြင့်တဲ့ အလူမီနီယမ်တွေကတော့ အမြင့်ပိုင်းစမတ်ဖုန်းတွေမှာသုံးပါတယ်။အပူဒဏ်ခံနိုင်တာနဲ့ ဘယ်လိုအပူချိန်မျိုးမှာပဲဖြစ်ဖြစ်သုံးနိုင်တာ အလူမီနီယမ်ပါ။ အဲတာတွေထက် ပိုကောင်းတဲ့တစ်ချက်က လက်ထဲမှာကိုင်လို့ကောင်းနေတာပါ။
RAM
RAM ဆိုတာကတော့ ဟိုး…အရင်ပို့စ်တစ်ခုမှာ အစအဆုံးရှင်းပြပြီးသွားလို့ ထပ်ချဲ့ရှင်းစရာမလိုတော့ဘူးထင်ပါတယ်။ အချုပ်ပြောရရင်တော့ ကိုယ်ဒေတာတွေကို လိုချင်တဲ့အခါ အလွယ်တကူထုတ်သုံးလို့၇အောင် သိမ်းပေးထားတဲ့ မမ်မိုရီပါ။ task တွေအများကြီးကို လုပ်ဆောင်ပေးနိုင်တဲ့ multitasking နဲ့ background မှာအလုပ်လုပ်ဖို့ ခွင့်ပြုပေးပါတယ။် စမတ်ဖုန်းတစ်လုံးမှာ RAM နည်းနေတဲ့အခါ RAM ပြည့်သွားတာနဲ့ တချို့ app တွေပိတ်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် RAM များလေလေ multitasking လုပ်လို့ကောင်းလေလေပါပဲ။
Processors
စမတ်ဖုန်းဆိုတာ ကွန်ပျူတာအသေးစာတွေပါပဲ။ ပရိုဆက်ဆာကိုအရင်းခံပြီးအလုပ်လုပ်ရပါတယ်။ ဥပမာ Quad-core processor ကိုသုံးထားတဲ့ စမတ်ဖုန်းတစ်လုံးမှာ core ၂ခန်းကို task အသေးစားလေးတွေအတွက်သုံးပေမယ့် ဂိမ်းတစ်ခုဖွင့်ဖို့အတွက်ဆိုရင်တော့ core 4 ခန်းသုံးဖို့လိုလာပါပြီ။
ဒီနေရာမှာ core ဘယ်နှစ်လုံးပါတယ်ဆိုတဲ့အရေအတွက်က အရေးအကြီးသလို အရည်အသွေးကလည်း အရေးပါပါတယ်။ အမြင့်ပိုင်းစမတ်ဖုန်းတွေမှာပဲတွေ့နိုင်တာကတော့ အရည်အသွေးမြင့်တဲ့ ဈေးလည်းအရမ်းကြီးတဲ့ processor တွေပါ။
Operating System (OS)
OS မှာလည်း Android နဲ့ iOS ဆိုပြီး ၂ခုပြိုင်နေပေမယ့် ဘာတွေအားသာချက်တွေရှိလဲ ဘာတွေအဆင်ပြေလဲဆိုတာက ထည့်စဉ်းစားရဖို့တကယ်လိုပါတယ်။
Android OS
Android ကတော့ Google က ဖန်တီးထားတာဖြစ်ပြီး ဘယ်ဖုန်းတိုင်းမှာမဆိုသုံးခွင့်ပေးထားပါတယ်။ Open-Source ပေးထားတာဖြစ်လို့ အမျိုးမျိုးသောစမတ်ဖုန်းကုမ္ပဏီတွေက သူတို့ရဲ့စိတ်ကြိုက်လွတ်လွတ်လပ်လပ်ပြောင်းလဲပြီး ကိုယ်ပိုင် OS တွေထွက်ရှိလာတာပါ။
Android OS update တိုင်းကတော့ Google ကနေ ထွက်လာတာဖြစ်ပြီး ဘယ်စမတ်ဖုန်းတွေက update မြန်မြန်ပေးနိုင်မလဲဆိုတာကတော့ brand နဲ့ဆိုင်သွားပါပြီ။ update တိုင်းမှာ ပြဿနာတွေတက်တက်ကြပေမယ့် တချို့ကုမ္ပဏီတွေဆို မြန်လည်းမြန် ပြီးပြည့်စုံတဲ့ update တွေထွက်နိုင်တဲ့ကုမ္ပဏီတွေလည်း ရှိပါတယ်။
Apple iOS
Apple ကတော့ သူတို့စမတ်ဖုန်းတွေရဲ့ hardware ရော software ပိုင်းကိုပါ ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် iOS တွေမှာ ပြဿနာသိပ်မရှုပ်တတ်ပါဘူး။ Android တွေမှာလို ဗျောက်သောက်ဖြစ်မနေတဲ့အတွက် ပြင်တဲ့အခါမှာလည်း hardware လား software လား ဘယ်နေရာမှာပြဿနာတက်သလဲ ရှင်းဖို့အရမ်းလွယ်ပါတယ်။
ရလဒ်အနေနဲ့ကတော့ iPhone တွေက ပိုယုံကြည်စိတ်ချရပြီး သုံးရလွယ်ကူလာတာပါပဲ။