ဒီဇင်ဘာလမှာ 7.8” OLED screen နဲ့ ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းထုတ်တော့မယ့် Samsung

Samsung ကတော့ သူ့ရဲ့ ခေါက်နိုင်တဲ့စမတ်ဖုန်းတွေကို ၂၀၁၈ နိုဝင်ဘာလမှာ စတင်ထုတ်လုပ်ဖို့ စီစဉ်နေပါပြီ။ သူ့မှာတော့ 7.3 inch OLED display ကိုသုံးထားမယ်လို့ စက်ရုံပိုင်းသတင်းတစ်ခုက ဆိုထားပါတယ်။

အရင်တုန်းက Samsung ကနေ ကွေးခေါက်နိုင်တဲ့ screen တွေထုတ်လုပ်နေတယ်လို့ ကြားခဲ့တာနှစ်ချီနေပြီဖြစ်ပေမယ့် အခုတော့ အဓိကနည်းပညာထုတ်ကုန်တစ်ခုအနေနဲ့ တကယ်ပွဲထုတ်မယ့်အချိန်ရောက်လာပါပြီ။ အခု အောက်မှာဖော်ပြလိုက်တဲ့ ဗီဒီယိုလေးကတော့ လွန်ခဲ့တဲ့ ၄နှစ်က ဖန်တီးထားတဲ့ concept ဗီဒီယိုလေးပါ။

Samsung က ဒီ ကွေးခေါက်နိုင်တဲ့ OLED display တွေကို ဒီနှစ် မတ်လမှာစတင်ထုတ်လုပ်မယ်လို့ ဆိုထားပြီး စက်တင်ဘာလမှာတော့ အမြောက်အများထုတ်ဖို့ ပြင်မှာပါ။ နိုဝင်ဘာလကျရင်တော့ ကွေးခေါက်နိုင်တဲ့ display တွေကိုသုံးထားတဲ့ဖုန်းတွေထွက်လာပါလိမ့်မယ်။ Samsung ရဲ့ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းတွေကို ဒီနှစ် ဒီဇင်ဘာလ ဒါမှမဟုတ် နောက်နှစ်အစောပိုင်းလောက်မှာထွက်ရှိလာမယ်လို့ သတင်းထွက်ထားပါတယ်။

ဘယ်လိုပုံစံလဲ??

နောက်ဆုံးရသတင်းအတိုင်းဆို Samsung ရဲ့ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းတွေက အတွင်းဘက်ကိုခေါက်လိုက်လို့ရပြီး စာအုပ်တစ်အုပ်လို အပိတ်အဖွင့်လုပ်လို့ရနိုင်မှာပါ။ ဒီတိုင်းပုံမှန်သုံးတဲ့အချိန်မှာတော့ ဖုန်းတစ်လုံးနဲ့တူပြီး ဖြန့်လိုက်ရင် ဖွင့်လိုက်ရင် တက်ဘလက်ပုံစံမျိုးဖြစ်သွားမှာပါ။ Samsung Display ကိုယ်တိုင် screen တွေကို ထုတ်လုပ်နေတာဆိုတော့ အဆင်ပြေနိုင်ပါတယ်။

ဒီဖုန်းတွေက လက်ရှိဈေးအရမ်းကြီးတဲ့ premium ဖုန်းတွေထက်ကို ပိုဈေးကြီးမှာဖြစ်ပြီး “super premium” လမ်းအတိုင်းသွားဖို့ပြင်ထားပါတယ်။ လုပ်ဆောင်ချက်ရော ဈေးနှုန်းရောက လက်ရှိ ထိပ်တန်းစားဖုန်းတွေထက်ကို သာပြီး အသုံးပြုရလွယ်ကူမှု ဒီဇိုင်းတွေ ဒါတွေအကုန်လုံးကို အသားပေးထုတ်လုပ်မှာဖြစ်ပါတယ်။

%d bloggers like this: