0 Shares 25 Views

စွမ်းဆောင်ရည်မြင့်၊ တန်ဖိုးနည်းဖုန်းနှစ်မျိုးကို ZTE စတင်မိတ်ဆက်

Jan 07, 2016
0 25

ces-2016-zte-grand-x-3-dan-avid-plus-meluncur-dengan-harga-miring-P33daaqO4F

 

လက်ရှိကျင်းပလျက်ရှိတဲ့ CES 2016 ပြပွဲမှာ တခြားဖုန်းထုတ်လုပ်သူကုမ္ပဏီကြီးတွေဟာ စွမ်းဆောင်ရည်မြင့်၊တန်ဖိုးကြီးဖုန်းတွေကို စတင်ပြသနေချိန်မှာ၊ ZTE ကတော့ တန်ဖိုးနည်းဖုန်းနှစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။
ပထမဖုန်းတစ်မျိုးဖြစ်တဲ့ ZTE Grand X 3 ကတော့ ဈေးသက်သက်သာသာနဲ့  စွမ်းဆောင်ရည်အမြင့်စား hardware တွေကို အသုံးပြုထားပါတယ်။ ZTE Grand X 3 မှာ ၅.၅ လက်မအရွယ် (720×1280 pixels) ဖန်သားပြင်ပါရှိပြီး၊ 1.3 GHz quad-core Snapdragon 210 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။

RAM ပမာဏက 2 GB ရှိပြီး 8 MP ကျောဘက်ကင်မရာပါရှိကာ၊ ရှေ့ ဘက်ကင်မရာကတော့ 2 MP ရှိပါတယ်။ အတွင်းပိုင်းဒေတာသိုလှောင်နိုင်မှုပမာဏ 16 GB ရှိပြီး 64 GB အထိ ထပ်တိုးစိုက်လို့ ရပါသေးတယ်။

Android 5.1 Lollipop စနစ်၊ 3080mAh ဘက်ထရီတို့ ကို အသုံးပြုထားတာကြောင့် တန်ဖိုး ဒေါ်လာ ၁၂၉.၉၉ နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ တန်ဖိုးနည်းနည်းနဲ့ စွမ်းဆောင်ရည် မြင့်ဖုန်းတစ်မျိုးလို့ ပြောရမှာပါ။
ဖန်သားပြင်ငါးလက်မနဲ့ အနည်းငယ်ပိုသေးတဲ့ ZTE Avid Plus ကတော့ ဒေါ်လာ ၁၁၄.၉၉ ရှိပြီး  480×854 resolution ရှိကာ၊ 1.1 GHz quad-core ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM က 1 GB ဖြစ်ပြီး Grand X 3 ထက်အနည်းငယ်ပိုသေးတဲ့ 2300mAh ဘက်ထရီကို သုံးထားပါတယ်။

Avid Plus ကလည်း Android Lollipop စနစ်ဖြစ်ပြီး ကျောဘက်ကင်မရာက 5MP နဲ့ ရှေ့ ကင်မရာ 2MP ရှိပါတယ်။ SD ကတ်ထပ်စိုက်မယ်ဆိုရင်တော့ 8GB အထိ စိုက်နိုင်မှာပါ။ ZTE Grand X 3 ကော Avid Plus ဖုန်းနှစ်မျိုးလုံးကို ဇန်န၀ါရီလကုန်အတွင်း အမေရိကားမှာ စတင်ဖြန့် ချိသွားမှာဖြစ်ပါတယ်။
CES (သုံးစွဲသူအီလက်ထရောနစ်ပြပွဲ) မှာ ZTE USA ရဲ့ CEO နဲ့ အမှုဆောင်အရာရှိဖြစ်သူ Lixi Cheng ရဲ့ ပြောပြချက်အရ အခုဆိုရင် အမေရိကန်မှာ ZTE ဖုန်းကိုင်သူ သန်း ၂၀ လောက်ရှိနေပြီင်္လို့ သိရပါတယ်။ ပိုက်ဆံအများကြီးမသုံးချင်ဘဲ၊ စွမ်းဆောင်ရည်အမြင့်ဖုန်းကိုင်ချင်သူတွေအတွက် ယခု ZTE ဖုန်းနှစ်လုံးက အသင့်တော်ဆုံးလို့ ဆိုရပါမယ်။

Ref: NDTV

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Leave a Comment

Most from this category