စမတ်ဖုန်းအစိတ်အပိုင်းတွေရဲ့ အသုံးအနှုန်းတွေနဲ့ ကွာခြားပုံလေးတွေ (Part I)

နည်းပညာဆိုတာကလည်း လိုက်မမီလွန်းအောင် မြန်နေပြီး စမတ်ဖုန်းကုမ္ပဏီတိုင်းကလည်းသူတို့ရဲ့ ထုတ်ကုန်တွေကို အပြိုင်အဆိုင်ရောင်းရအောင်ကြိုးစားလာကြတဲ့အခါ သူတို့သုံးတဲ့အသုံးအနှုန်းလေးတွေကို လေ့လာကြည့်လိုက်ရအောင်။ နောက်တစ်ခါဖုန်းဝယ်တဲ့အခါမှာတော့ အထောက်အကူပြုလိုပြုုငြားပေ့ါ။ ပြောပြပေးသွားမှာတွေကတော့ Display, Screen Resolution, Materials, RAM, Processors, Operating System(OS), Battery, Camera, IP 67 and IP 68, Connectivity တွေပါ။ ဒီထဲကမှ တစ်ခုချင်းစီအကြောင်းကို အမျိုးအစားနဲ့ခွဲပြီးရှင်းပြလိုက်ပါတယ်။

Display

ဖုန်းဆိုတာနဲ့ displayကိုအရင်စကြည့်တာဆိုတော့ display ဘယ်နှစ်မျိုးရှိသလဲဆိုတာနဲ့ ဘာတွေကွာခြားသွားလဲဆိုတာကိုကြည့်လိုက်ရအောင်။

LCD

ဈေးကွက်မှာ display အကောင်းစားတွေပေါ်လာပြီဆိုတော့ LCD display တွေရဲ့အရောင်ကို စိတ်တိုင်းမကျချင်တော့ပါဘူး။ resolution အမြင့်ဆုံးထားရင်တောင် သူက တခြားသော display အမျိုးအစားတွေလောက် အရောင်ထွက်မှာမဟုတ်ပါဘူး။

နေရောင်ထဲမှာကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့်အခုဆို တခြား display တွေက ပိုတောင်ကောင်းနေပါပြီ။

ဈေးနှုန်းသက်သာတဲ့အတွက် low-end စမတ်ဖုန်းတွေမှာပဲ သုံးတတ်ပါတယ်။

OLED/ AMOLED

OLED display တွေကတော့ LCD display တွေထက် ပိုပါးလွှာပြီး လျှပ်စီးကြောင်းဖြတ်သွားတဲ့အချိန်မှာ အလင်းကိုထုတ်ပေးတာဖြစ်ပါတယ်။ ပုံတစ်ပုံထွက်ဖိ့အတွက် pixel တစ်ခုစီတိုင်းကိုထိန်းချုပ်ရပါတယ်။ ဒါကြောင့် OLED display တွေမှာဆို ပိုအရောင်ထွက်တောက်ပြီးတော့ ဗီဒီယိုကြည့်တဲ့အချိန်မှာ အနက်ရောင်တောက်တောက်က ဒါ ပိတ်နေတဲ့ pixel တစ်ခုပါ။

သူတို့တွေကတော့ ဘယ်လောက်ပါးလဲဆိုတာကိုလိုက်ပြီး high-end အမြင့်ပိုင်းဖုန်းတွေမှာသုံးတတ်ပါတယ်။ သူတို့ရဲ့ အရောင်ထွက်ကောင်းမွန်မှုကြောင့် screen ကြီးပေါက်ထွက်လာသလို floating ဆိုပြီးတော့ကို တင်စားကြပါတယ်။ OLED display တွေက ပျော့ပျောင်းတဲ့အတွက် ဥပမာ Samsung Galaxy S8 လိုမျိုး display အကွေးတွေနဲ့ စမတ်ဖုန်းတွေမှာသုံးပါတယ်။

Super AMOLED       

blank

သူကတော့ Samsung က သူ့ရဲ့အကောင်းဆုံး display နည်းပညာကိုဖော်ပြထားတဲ့ term တစ်ခုပါ။ Super AMOLED display တွေမှာဆိုရင်တော့ touch ကိုအာရုံခံနိုင်တဲ့နေရာက display မှာသတ်မှတ်ထားပါတယ။် ဒါကြောင့် display က စွမ်းအင်နည်းနည်းပဲသုံးရပြီး နေရောင်ထဲမှာလည်း ကောင်းကောင်းမြင်နိုင်မှာဖြစ်ပါတယ်။

Retina

blank

ဒီ term ကတော့ Apple က၂၀၁၀ မှာ iPhone 4 ကိုထုတ်တုန်းကဖန်တီးခဲ့တဲ့ term လေးတစ်ခုပါ။ သာမန်အကွာအဝေးလောက်ကနေကြည့်ရင် pixel တစ်ခုချင်းစီကိုမမြင်ရပါဘူး။ ၂၀၁၀ ကတည်းက Apple က သူ့ရဲ့ display နည်းပညာကိုတိုးတက်အောင် လုပ်ခဲ့တာပါ။

In-Plane Switching (IPS)

IPS display တွေကတော့ ဖုန်းရဲ့ screen ကို ဘယ်ထောင့်ကနေ ကြည့်ကြည့် မမှောင်ပဲ မဝါးပဲရှိနေပါတယ်။ သူကတော့ screen တစ်ခုကို ဝိုင်းအုံကြည့်တတ်တဲ့ သူတွေအတွက် အသုံးဝင်ပါတယ်။

blank

Mid-range ကနေ high-end ဖုန်းတွေအထိ ဒီ IPS display တွေကိုသုံးကြပါတယ်။

Screen resolution

နည်းပညာ brand တွေကတော့ HD display တွေအကြောင်းပြောရတာသဘောကျကြပါတယ်။ ဒါဆို ဒါကိုမပြောခင် Pixel အကြောင်း ပြောရအောင်။ Pixel တွေက သတ်မှတ်ထားတဲ့ အရောင်အစီအစဉ်တစ်ခုအတွင်းမှာ အလင်းထွက်ပါတယ်။  Display ဆိုတာက ဒီအရောင်ထွက်တဲ့ Pixel တွေကိုစုထားတာပါ။ ဆွဲပြောရရင်တော့ pixel များလေလေ display ပိုကောင်းလေလေပေါ့။

blank

HD 1080P

HD အနေနဲ့ အဆင့်မီတဲ့ display က resolution က 1920 ×1080 pixel ရှိရပါမယ်။ နောက်တစ်မျိုးခေါ်ကြတာကတော့ Full HD ပါ။ iPhone 7 Plus မှာဆိုရင် resolution င 1920×1080p ထိရှိလို့ တော်တော်မိုက်တယ်လို့ ပြောရမှာပါ။

2K

အခုဆို high-end display တွေလည်း ထွက်ထွက်လာပြီး သူတို့တွေရဲ့ resolution က 2560×1440 ရှိပါတယ်။ 2K resolution နဲ့ display က တော်တော်လေးကောင်းတဲ့အတွက် ပြတင်းပေါက်ကနေကြည့်နေရသလိုကို ခံစားမိမှာပါ။ တကယ်လို့ ဇာတ်ကားတွေကြည့်ရတာကြိုက်နှစ်သက်သူဆိုရင်တော့ 2K display မျိုးက ကောင်းမှာပါ။

4K

လွန်ခဲ့တဲ့နှစ်တွေတုန်းက 4K ဆိုတာ တော်တော်ကြီးကိုဈေးကြီးပြီးတော့ ချမ်းသာသူတွေသာတတ်နိုင်ခဲ့တဲ့ အမျိုးအစားပါ။ သူတို့က resolution 3840×2160 ရှိပြီး HD display ရဲ့ ၃ဆ ရှိပါတယ်။

ဒီနေ့တော့ Display တွေနဲ့ Resolution တွေရဲ့ အမျိုးအစားတွေ term တွေကိုပြောပြခဲ့ပြီးပြီဆိုတော့ နောက်ရက်မှကျန်တာလေးတွေ ဆက်သွားရအောင် 😉

%d bloggers like this: