Xperia XA2, XA2 Ultra နဲ့ L2 တို့ကို တရားဝင်ပြသလိုက်တဲ့ Sony

သတင်းတွေလည်းစုံစီအောင်ထွက်ပြီးတဲ့နောက်မှာ Sony ကနေ Xperia XA2, XA2 Ultra နဲ့ L2 တို့ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

ဖုန်း၃လုံးလုံးကတော့ ဘေးဘောင်မဲ့ဒီဇိုင်းတွေမဟုတ်သေးပါဘူး။ ဒါပေမယ့် Xperia XA2 နဲ့ XA2 Ultra တို့ကတော့ဘေးဘက်မှာ edge-to-edge ဘောင်မဲ့ဖြစ်သွားပြီး low-end ဖြစ်တဲ့ Xperia L2 မှာတော့ ခုနက ၂လုံးထက် ဘေးဘောင်တွေပိုများများပါနေသေးတဲ့အပြင် display ကိုလည်း 720 p တစ်ဆင့်လျှော့ထားပါတယ်။

XA2 နဲ့ XA2 Ultra တွေမှာ တူညီတဲ့အချက်တွေက ၄K ဗီဒီယိုတွေနဲ့ 120fps slow-motion ဗီဒီယိုတွေကိုရိုက်ကူးနိုင်တဲ့ ကျောဘက် 23MP ကင်မရာတွေပါဝင်တာပါ။ နောက်ပြီး ရှေ့ကင်မရာက 8MP ရှိပြီး ၁၂၀ ံ မြင်ကွင်းကျယ်ရိုက်ကူးလို့ရပါတယ်။ ဒါပေမယ့် XA2 Ultra မှာတော့ ပုံရိပ်တွေကိုငြိမ်အောင်ရိုက်ကူးနိုင်ဖို့ OIS ကိုထောက်ပံ့ပေးမယ့် 16MP ဆယ်လ်ဖီကင်မရာတစ်လုံးထပ်ပါနေပါသေးတယ်။

Xperia L2 မှာတော့ ရှေ့ကင်မရာက Xperia XA2 နဲ့တူတူပဲဖြစ်ပေမယ့် ကျောဘက်ကတော့ 13MP ကင်မရာကိုသုံးထားပါတယ်။

Xperia XA2 and XA2 Ultra image gallery

Xperia XA2 နဲ့ XA2 Ultra တို့ကိုတော့ Qualcomm ရဲ့ Snapdragon 630 ကိုသုံးထားပြီး XA2 Ultra မှာတော့ RAM ပိုများပြီး storage ၂မျိုးရွေးစရာရှိပါမယ်။ ထပ်ဖြည့်လို့ရနိုင်အောင် ဖုန်း၃လုံးလုံးမှာ microSD ပေါက်ထည့်ပေးထားပြီး 32GB storage ကနေ စထည့်သုံးနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုက software ပိုင်းမှာလည်း XA2 နဲ့ XA2 Ultra ကို Android 8.0 တင်ထားပြီး Xperia L2 မှာတော့ Android 7.1.1 Nougat ပဲရနိုင်သေးတာက သိပ်အဆင်မပြေလှပါဘူး။ ဖုန်း၃မျိုးလုံးကိုတော့ ဇန်နဝါရီလလကုန်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး ဈေးဘယ်လောက်လဲဆိုတာတော့ မပြောထားသေးပါဘူး။

အရောင်ကတော့ Xperia XA2 က silver, black, blue နဲ့ pink ဆိုပြီးလာမှာဖြစ်ပြီး XA2 Ultra ကတော့ silver, black, light blue နဲ့ gold ဆိုပြီးရနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး Xperia L2 ကတော့ black, gold နဲ့ pink ဆိုပြီးရနိုင်မှာဖြစ်ပါတယ်။

%d bloggers like this: