Facebook မှ Like, Comment , Photo, Message များကို Delete ပြုလုပ်နည်း

Facebook မှာ အရင်နှစ်များစွာအကြာ တစ်နည်းအားဖြင့် မရင့်ကျက်သေးတဲ့ အချိန်က က ပြုလုပ်ခဲ့တဲ့ Like, Comment များ၊ တင်ခဲ့တဲ့ ဓါတ်ပုံများနဲ့ ပေးပို့ခဲ့တဲ့ Message များဟာ ယနေ့လက်ရှိ အချိန်မှာ စိတ်ညစ်စရာ၊ အရှက်ရစရာ၊ မသင့်တော်စရာ အဖြစ်မျိုးတွေကို ဖြစ်စေခဲ့ဖူးမှာပါ။ နှစ်ပေါင်းများစွာ အကြာမှ အဲဒီ Like, Comment, Photo, Message များကို ရှာဖွေပြီး Delete လုပ်ရတာ မလွယ်ကူပါဘူး။ အခု Tutorial မှာတော့ အဲဒီ ဖြစ်စဉ်ကို လွယ်ကူစေမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှ သင့်ရဲ့ Comment ကို Delete လုပ်နည်း

သူငယ်ချင်းတစ်ယောက်ရဲ့ ပို့စ်မှာ သင်ဟာ အငြင်းပွားဖွယ်ရာ သို့မဟုတ် မသင့်တော်တဲ့ ကွန်းမန့်တစ်ခုကို ပြုလုပ်မိတယ်ဆိုရင် ဖျက်ပစ်နိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းက သူ့ရဲ့ Timeline ထဲသွား၊ ပို့စ်ကို ရှာပြီး ကွန်းမန့်ကို ဖျက်ပစ်တာပါ။ ပို့စ်ပိုင်ရှင်သူငယ်ချင်းရဲ့ အမည်နဲ့ ပို့စ်မှာပါတဲ့ စကားစု( Keyword )ကို Facebook Search Box ကနေ ရိုက်ထည့်ရှာဖွေတာက ပိုမို အဆင်ပြေပါတယ်။ ဥပမာအားဖြင့် Aung Kyaw အမည်ရတဲ့ သူငယ်ချင်းရဲ့ ပို့စ်ကို ရှာဖွေဖို့အတွက် Aung Kyaw post ( Keyword ) ကို Search Box မှာ ရှာဖွေနိုင်ပါတယ်။ ပို့စ်ကို တွေ့ရင် သင့်ရဲ့ ကွန်းမန့်ကို ရှာပါ။ ကွန်းမန့်ရဲ့ ညာဘက်မှ ခဲတံ အိုင်ကွန်ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

ဒုတိယနည်းကတော့ သင့်ရဲ့ Activity Log ကနေ ဖျက်နိုင်ပါတယ်။ Facebook Home Page ရဲ့ ထိပ်မှ Drop-Down Arrow ကို နှိပ်ပြီး Activity Log ထဲသွားပါ။ ဘယ်ဘက်ခြမ်းမှ Comments ကဏ္ဍကို နှိပ်ရင် သင်ပြုလုပ်ထားတဲ့ ကွန်းမန့်များကိုသာ သီးခြား ပြသပေးမှာ ဖြစ်တဲ့အတွက် ပိုမို အဆင်ပြေပါတယ်။ ညာဘက်မှ ခဲတံကို နှိပ်ပြီး ကွန်းမန့်ကို ဖျက်နိုင်ပါတယ်။ Activity Log မှ Comments အောက်မှ More Link ကို နှိပ်ရင် အခြား ကဏ္ဍများကိုလည်း ပြသပေးမှာဖြစ်ပါတယ်။

သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ ပို့စ်ကို ဖျက်ပစ်နည်း

Activity Log မှနေ၍ အရာများစွာကို ဖျက်ပစ်နိုင်ပေမယ့်လည်း အခြားလူများက သင့်ရဲ့ Timeline မှာ တင်ထားတဲ့ ပို့စ်များကိုတော့ Activity Log ကနေ ဖျက်လို့မရဘဲ Hidden from Timeline သာ ပြုလုပ်နိုင်ပါတယ်။

သင့်ရဲ့ Timeline မှ အခြားလူတစ်ယောက်ရဲ့ပို့စ်ကို ဖျက်ချင်ရင် သင့်ရဲ့ Timeline ကိုသွားပါ။ Timeline ရဲ့ ညာဘက်ခြမ်းမှာ ခုနှစ်အလိုက် ပို့စ်များကို ရှာဖွေနိုင်တဲ့ Quick-Jump Menu ကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Menu ကို အသုံးပြုရင်တော့ Highlight ကနေ All Stories ကို ရွေးပေးမှ ပို့စ်အားလုံးကို တွေ့ရမှာဖြစ်ပါတယ်။ ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

Unlike ပြုလုပ်နည်း

သင် Like ပြုလုပ်ထားတဲ့ ပို့စ်၊ ဓါတ်ပုံ၊ ဗီဒီယိုများကို အလျှင်မြန်ဆုံး Unlike ပြုလုပ်ဖို့အတွက် Activity Log က အကောင်းဆုံးဖြစ်ပါတယ်။ Activity Log> Like ကဏ္ဍထဲသွားပါ။ ညာဘက်မှ ခဲတံကို နှိပ်ပြီး Unlike လုပ်ပါ။

ဓါတ်ပုံများကို ဖျက်နည်း

သင် Upload ပြုလုပ်ထားတဲ့ ဓါတ်ပုံတစ်ခုကို ဖျက်ပစ်ဖို့အတွက် ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး အောက်ခြေမှ Options ကို နှိပ်ပါ။ Delete This Photo ကို နှိပ်ပါ။

Photo Album တစ်ခုလုံးကို ဖျက်ပစ်ဖို့အတွက် သင့် Timeline ထဲမှ Photos> Albums ကိုသွားပါ။ ဖျက်ချင်တဲ့ Album ကို ရွေးချယ်ပြီး ညာဘက်အပေါ်ထိပ်မှ Gear Icon ကို နှိပ်ပါ။ Delete Album ကို နှိပ်ပါ။

Tag ကို ဖျက်ပစ်နည်း

အခြားလူများက သင့်ကို ဓါတ်ပုံများမှာ Tag လုပ်ထားရင် Tag ကို ဖျက်ပစ်နိုင်ပါတယ်။ သင့်ကို Tag လုပ်ထားတဲ့ ဓါတ်ပုံကိုဖွင့်ပါ။ ညာဘက်မှာ သင့်အမည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ နာမည်ပေါ်ကို Mouse Cursor တင်ပြီး Remove tag ကို နှိပ်ပါ။

Life Event များကို ဖျက်နည်း

သင် ပရိုဖိုင်ကို Update ပြုလုပ်တိုင်း Facebook က သင့်ရဲ့ Timeline မှာ Update ပြုလုပ်ပေးပါတယ်။ အဲဒီ Update ကို ဖွက်ထားခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ဖျက်ပစ်ရင်တော့ သင့်ရဲ့ ပရိုဖိုင်မှ သတင်းအချက်အလက်များကိုပါ ဖျက်ပစ်မှာပါ။ ဥပမာအားဖြင့် Myanmar Digital Life Journal မှာ အလုပ် စတင် ပြုလုပ်တဲ့ ပို့စ်ကို ဖျက်ပစ်ရင် သင့် ပရိုဖိုင်မှ Work and Education Section မှာ အဲဒီ သတင်းအချက်အလက်ကို ဖျက်ပစ်မှာပါ။

Events များကို ရှာဖွေဖို့အတွက် Activity Log က အဆင်ပြေပါတယ်။ Activity Log> About ထဲသွားပါ။ ဖျက်ချင်တဲ့ Event အပေါ်မှာ Mouse Cursor တင်ပါ။ ဒါဆိုရင် သင့် အမည်ရဲ့ အောက်မှာ အချိန်ကို တွေ့မြင်ရမှာပါ။ အချိန်ကို နှိပ်ရင် အဲဒီပို့စ်ကို ပြသပေးမှာ ဖြစ်ပါတယ်။

ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Delete ကို နှိပ်ပါ။

Message ကို ဖျက်နည်း

Facebook မှ Message များကို ဖျက်ပစ်နိုင်ပေမယ့် တစ်ဖက်လူဆီမှာ ဖျက်ပစ်ပေးမှာ မဟုတ်ဘဲ သင့်ထံမှာသာ ဖျက်ပစ်ပေးမှာကို သတိပြုပါ။ Home Page ရဲ့ အပေါ်ထိပ်မှ Message ကို နှိပ်ပြီး အောက်ခြေမှ See All ကို နှိပ်ပါ။ နောက်အဆင့်မှာ ဖျက်ချင်တဲ့ Message ပါရှိတဲ့ Conversation ကို ရွေးပေးပါ။ Gear Icon ကို နှိပ်ပြီး Delete Messages ကို နှိပ်ပါ။ ဖျက်ချင်တဲ့ Message များရဲ့ ဘယ်ဘက်ဘေးမှ Check Box များမှာ အမှန်ခြစ်ပေးပါ။ ပြီးရင်အောက်ခြေမှ Delete ကို နှိပ်ပါ။ Conversation တစ်ခုလုံးကို ဖျက်ချင်ရင်တော့ Gear Icon ကို နှိပ်ပြီး Delete Conversation ကို နှိပ်ပါ။

ref : cnet

%d bloggers like this: