0 Shares 67 Views

Need for Speed (2015) ဂိမ်း PC မှာ ထွက်ရှိလာပြီ

Mar 17, 2016
0 67

Need for Speed ပရိတ်သတ်တွေ ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့ Need for Speed (2015) ဂိမ်းဟာ PC ဗားရှင်းအနေနဲ့ ကြာသပတေးနေ့မှာ ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီဂိမ်းဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက Xbox One နဲ့ PlayStation တို့မှာ ထွက်ရှိထားတာဖြစ်ပြီး၊ ယခုအချိန်မှ PC မှာ ထွက်ရှိလာတာပါ။

ဒီဂိမ်းကို ကစားနိုင်ဖို့အတွက် စာဖတ်သူရဲ့ PC ကို အနည်းငယ် upgrade လုပ်သွားဖို့ လိုပါလိမ့်မယ်။ RAM 4GB ၊ GPU အနိမ့်စားလောက်နဲ့ ဆော့လို့မရတော့ဘဲ၊ အနိမ့်ဆုံးလိုအပ်ချက်အနေနဲ့

  • 64-bit Windows 7 နှင့် အထက်
  • Intel Core i3 အနည်းဆုံး
  • RAM 6GB
  • ဂရပ်ဖစ်ကတ်အနေနဲ့ Nvidia Gefore GTX 750 Ti 2GB (သို့) AMD Radeon HD 7850 2GB အနည်းဆုံး
  • Free Space အနေနဲ့ အနည်းဆုံး 30 GB အလွတ်ရှိရမှာဖြစ်ပါတယ်။

ဒီ specification တွေပါဝင်တဲ့ PC နဲ့ ဒီဂိမ်းကို ဆော့မယ်ဆိုရင်တော့ 30 fps နဲ့ resolution 720 p လောက်ပဲ ရရှိမှာဖြစ်ပါတယ်။

အကောင်းဆုံး ဂိမ်းတွင်းခံစားမှုကို ရချင်တယ်ဆိုရင်တော့ ဒီထက် ပိုကောင်းတဲ့

  • 64-bit Windows 7 နှင့် အထက်
  • Intel Core i5-4690
  • Memory 8GB
  • ဂရပ်ဖစ်ကတ်အနေနဲ့ Nvidia GeFore GTX 970 4GB ၊ AMD Radeon R9 290 4GB လောက် ရှိရင်ကောင်းပါတယ်။
  • Hard Drive အနေနဲ့တော့ 30 GB free space ရှိရင် ရပါတယ်။

ဒီလိုအမိုက်စား PC နဲ့ ဆိုရင်တော့၊ 60 fps နဲ့ full-HD (1080p) resolution တို့ကို ရရှိနိုင်မှာဖြစ်ပါတယ်။

lamborghini_need_for_speed_EA

အရင် Need for Speed PC ဂိမ်းစီးရီးတွေနဲ့ မတူတာကတော့ ဒီဂိမ်းကို Offline ဆော့နိုင်မှာမဟုတ်ဘဲ၊ single player တစ်ယောက်တည်းဆော့မယ်ဆိုရင်တောင်၊ EA ဆာဗာကို အင်တာနက်နဲ့ ချိတ်ဆက်ပြီး ဆော့ကစားရမှာဖြစ်တာကြောင့်၊ အင်တာနက်လိုင်းကောင်းကောင်းရှိဖို့လည်း လိုပါတယ်။

EA အနေနဲ့ ဒီဂိမ်းကို physical အခွေတွေနဲ့ ရောင်းသွားမှာမဟုတ်ဘဲ၊ EA ရဲ့ အွန်လိုင်းစတိုးကနေသာ ၀ယ်ယူရရှိနိုင်မှာဖြစ်ကာ၊ မြန်မာငွေ ခြောက်သောင်းကျော်လောက် ကျသင့်သွားမှာဖြစ်ပါတယ်။ ဈေးအနေနဲ့လည်း တခြားဂိမ်းတွေထက် နှစ်ဆလောက်ကြီးနေသလို၊ 30 GB လောက်ကို ဒေါင်းလုဒ် လုပ်ရဦးမှာဖြစ်လို့ အင်တာနက်ဒေတာဖိုးလည်း ထပ်ကုန်ရဦးမှာဖြစ်ပါတယ်။

Ref: Gadgets360

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares574 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category