0 Shares 588 Views

Android ဖုန်းများအတွက်အကောင်းဆုံး သီချင်းဒေါင်းလုဒ် App ၅မျိုး

Mar 17, 2016
0 588

ယခုတင်ဆက်ပေးမှာကတော့ တေးသီချင်းလေးတွေကို နားဆင်ရတာကြိုက်နှစ်သက်တတ်တဲ့ လူငယ်ပရိတ်သတ်တွေအတွက် သီချင်းတွေနားဆင်ရာမှာ အဆင်ပြေပြေနဲ့ ဒေါင်းလုဒ်ပြုလုပ်နားဆင်နိုင်မယ့် Apps တွေပဲဖြစ်ပါတယ်။ သီချင်းဒေါင်းလုဒ်ပြုလုပ်နိုင်တဲ့ Apps တွေအများကြီးရှိပေမယ့် အဆင်မပြေတာများပါတယ်။ ဒီအထဲကမှာ ကျွန်တော့်အနေနဲ့ အသုံးပြုပြီး အဆင်ပြေတဲ့ Apps တွေကို စုစည်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲက တချို့Apps တွေမှာလည်း ဖုန်းနဲ့ မကိုက်တာတွေဘာတွေ၊ Bugs တွေရှိနိုင်ပေမယ့် အနည်းစုမှာသာရှိတာကြောင့် အတော်အဆင်ပြေပြေသုံးနိုင်မယ့် Apps တွေပဲ ဖြစ်ပါတယ်။

TTPod

Best free Android apps for downloading free music1

တရုတ်နိုင်ငံကပြုလုပ်ထားတဲ့ ဒီ Apps ကတော့ သီချင်းနားထောင်၊ ဒေါင်းလုဒ်လုပ်တဲ့ Apps တွေထဲမှာ အဆင်အပြေဆုံးပါပဲ။ ဒီ Apps မှာ သီချင်းတွေကို အလွယ်တကူရှာဖွေလို့ ရသလို၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို Favourite လုပ်တာတွေ၊ Playlist လုပ်တာတွေ၊ စတဲ့အရာတွေကို စိတ်ကြိုက်ပြုလုပ်လို့ ရမယ့်အပြင် သီချင်းရဲ့ Lyric တွေဒေါင်းလုဒ်လုပ်တာ၊ အသံတွေစိတ်ကြိုက်ချိန်ညှိတာ၊ စတာတွေပါပြုလုပ်နိုင်လို့ သီချင်းနားထောင်တဲ့ အထဲမှာ အတော်လေးကို အဆင်ပြေတဲ့ Apps တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက တရုတ်နိုင်ငံကပြုလုပ်ထားတာဖြစ်လို့ Apps ရဲ့ အစိတ်အပိုင်းတစ်ချို့ဟာ တရုတ်စာသားတွေဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီApps ကိုလိုချင်တယ်ဆိုရင်တော့ Google Playstore မှာရှာဖွေလို့ရမှာမဟုတ်ပဲ Mobogenie နဲ့ တခြား Downloader တွေကနေတစ်ဆင့်ရှာဖွေ ဒေါင်းယူနိုင်ပါတယ်။

Google Play Music

Best free Android apps for downloading free music3

Google Play Music ကတော့ ထူးထူးထွေထွေ မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ အားလုံးရဲ့ဖုန်းတွေ မှာလည်းရှိပြီးသားဖြစ်နေတယ်လို့ထင်ပါတယ်။ သူလည်းလုပ်ဆောင်ချက်တွေ အတော်များများရှိနေတာကို တွေ့ရမှာပါ။ ထူးထူးခြားခြားမညွှန်းလိုတော့ပါဘူး။

Advanced Download Manager

Best free Android apps for downloading free music4

Andvanced Download Manager ကတော့ သင့်ကို MP3 နဲ့ MP4 နှစ်မျိုးဒေါင်းလို့ ရအောင်ပြုလုပ်စေမှာပါ။ ဒီအထဲကမှ သင့်အနေနဲ့ အဆင်ပြေသလို ရွေးချယ်ပြီး ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။

Tunee Music Downloader

Best free Android apps for downloading free music5

ဒီတစ်ခုကလည်း အဆင့်အတန်းတစ်ခု ရှိတဲ့ App တစ်ခုပါပဲ။ သီချင်းအတော်များများကိုလည်း ရှာဖွေနိုင်သလို ဒေါင်းလုဒ်လုပ်ရတာလည်းလွယ်ကူပါတယ်။

SnapTube

Best free Android apps for downloading free music2

ကျွန်တော်အကြိုက်ဆုံး Apps တွေထဲက တစ်ခုပါပဲ။ ဗီဒီယိုတွေဒေါင်းရတာ လွယ်သလိုပဲ MP3 တွေကို လည်းဒေါင်းနိုင်ပါတယ်။ ရင်းမြစ်ကတော့ YouTube ကဖြစ်တာကြောင့် မြန်မာသီချင်းတွေပါအလွယ်တကူ ဒေါင်းလုဒ်ပြုလုပ်နိုင်တာဖြစ်ပါတယ်။ သင်ရှာဖွေချင်တဲ့ သီချင်းတွေကို ရှာပြီး အထဲဝင်လိုက်တာနဲ့ ဘယ်လိုအမျိုးအစားကို ဒေါင်းလုဒ်လုပ်ချင်လဲဆိုတာ မေးပါလိမ့်မယ်။ အဲ့ဒီအထဲက MP4, MP3 ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီးဒေါင်းလုဒ် ပြုလုပ်နိုင်ပါတယ်။

ယခုတင်ပြသွားတာတွေကတော့ သင့်အနေနဲ့ သီချင်းတွေကို အလွယ်တကူဒေါင်းလုဒ်ပြုလုပ်နိုင်မယ့် Apps လေးတွေကို လမ်းညွှန်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအထဲက သင့်ဖုန်းနဲ့လည်း အဆင်ပြေ ကိုက်ညီနိုင်မယ့် Apps တွေကို Google Playstore, Mobogenie စတဲ့ Store တွေမှာ အလွယ်တကူ “Free” ရယူနိုင်ပါတယ်။ ကျွန်တော့်စိတ်ကြိုက်ညွှန်းပါဆိုရင်တော့ TTPod, Advanced Download Manager နဲ့ SnapTube စတဲ့ Apps တွေက သင့်ကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါလိမ့်မယ်။

Ref: Androidpit

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares11 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares30 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category