0 Shares 324 Views

မျက်လုံးကြည့်နေတဲ့နေရာကို တွက်ချက်ပြီး မြင်နိုင်စွမ်းကို အကောင်းဆုံးချိန်ညှိပေးမယ့် မျက်မှန်

မျက်မှန်တပ်နေရတဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ သင့်အနေနဲ့ မျက်စိမှုန်နေလို့ မျက်မှန်တပ်နေရရင် ပါဝါမကိုက်ဖြစ်တာတွေ ၊ အကယ်လို့ အနီးရောအဝေးပါမှုန်တဲ့အခါမှာ မျက်မှန်ပြောင်းတပ်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် မျက်မှန်တစ်မျိုးကို Deep Optics ကုမ္ပဏီက တီထွင်လိုက်ပြီဖြစ်ပါတယ်။

ဒီမျက်မှန်မှာ ကျွန်တော်တို့ရဲ့ သမားရိုးကျမျက်မှန်တွေလို မှန်ဘီလူးပါဝင်လာမှာ မဟုတ်ဘဲ အလင်းဖောက်နိုင်တဲ့ ခရစ္စတယ်အရည်ကြည်လွှာတွေနဲ့ ဖွဲ့စည်းထားတဲ့ မှန်ကိုသာ ထည့်သွင်းအသုံးပြုထားတာပါ။ ဒီရဲ့ခရစ္စတယ်အရည်ကြည်တွေဟာဆိုရင်တော့ အလင်းယိုင်ညွှန်းကိန်းကို ချိန်ညှိပေးနိုင်တာကြောင့် မျက်လုံးဦးတည်နေတဲ့ အရာဝတ္ထုရဲ့အကွာအဝေးကိုလိုက်ပြီး မျက်မှန်ကလည်း အသုံးပြုသူလိုအပ်တဲ့ ဒီဂရီကို ချိန်ညှိပေးသွားမှာဖြစ်ပါတယ်။

ဒီမျက်မှန်မှာဆိုရင်တော့ အာရုံခံကိရိယာတွေ ပါဝင်ပါတယ်။ မျက်မှန်ရဲ့ နှာခေါင်းထောက်တိုင်နှစ်ခုမှာ တည်ရှိနေတဲ့ sensor တွေက မျက်လုံးရဲ့ အလင်းဝင်ပေါက်ဖြစ်တဲ့ သူငယ်အိမ်ကို တောက်လျှောက်ထောက်လှမ်းနေမှာဖြစ်ပါတယ်။ ဒီလိုမျိုး သူငယ်အိမ်ရဲ့အခြေအနေကို စောင့်ကြည့်ပြီးတော့ မျက်မှန်ရဲ့ ထောင့်နားမှာရှိတဲ့ အလုပ်လုပ်ယူနစ်တစ်ခုကို အသိပေးမှာပါ။

ဒီအလုပ်လုပ်ယူနစ်ကနေတစ်ဆင့် မျက်လုံးကြည့်နေတဲ့အရာဝတ္ထုရဲ့ အလင်းတာအကွာအဝေးကို တွက်ချက်ပေးပါလိမ့်မယ်။ ဒီလိုတွက်ချက်ပြီးတဲ့အခါမှာတော့ မှန်သားထဲက ခရစ္စတယ်အလွှာတွေကို အသိပေးပြီး အလင်းတာအလိုက်ကို ခရစ္စတယ်အလွှာတွေက ချိန်ဆလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

အကယ်လို့ သင့်အနေနဲ့ အုန်းပင်ကို ကြည့်နေတယ်ဆိုရင် အုန်းပင်နဲ့ သင့်မျက်စိကြားက အလင်းတာအကွာအဝေးကို တစ်စက္ကန့်မစွန်းခင်မှာပဲ တွက်ချက်ပေးပြီး လိုအပ်တဲ့ဒီဂရီကို လိုက်ချိန်ညှိပြောင်းလဲပေးမှာပါ။ ဒီမျက်မှန်ကို စတင်အသုံးပြုမယ်ဆိုရင်တော့ ကိုယ့်မျက်လုံးဘယ်လောက်အားနည်းလဲဆိုတာကို အရင်စမ်းသပ်ပေးရမှာဖြစ်ပြီး အသုံးပြုသူရဲ့ လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို မျက်မှန်မှာ ထည့်သွင်းပေးမှာပါ။

မျက်မှန်ဈေးနှုန်းကိုတော့ ထုတ်ပြန်ခြင်းမရှိသေးဘဲ ဒီမှန်ကိုတော့ နှစ်နှစ်ကျော်ကြာစမ်းသပ်ခဲ့ရတယ်လို့ တီထွင်သူတွေက ဆိုပါတယ်။

Ref : Popular mechanics

You may be interested

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia
NEWS
0 shares0 views

Face Recognition ပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးနေတဲ့ Nvidia

Ko Thuya - Feb 19, 2018

Nvidia က ဥာဏ်ရည်တု နည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းပြီး မျက်နှာအာရုံခံ နည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို တီထွင်နေပါတယ်။ အဲဒီ ကင်မရာများဟာ ကမ္ဘာအ၀န်းမှ စမတ် မြို့တော်များအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေကြတဲ့ CCTV…

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
203 shares92 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
149 shares346 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

Leave a Comment

Most from this category