ကင်မရာ ၃ လုံးနဲ့ Huawei P စီးရီးဖုန်းတွေရဲ့ဒီဇိုင်းထွက်ရှိလာ

ပြီးခဲ့တဲ့ ၃နှစ်က Huawei ကနေ P8, P9 နဲ့ P10 စီးရီးစမတ်ဖုန်းတွေကိုထုတ်ခဲ့ပြီးပါပြီ။ ဒီနှစ်တော့ P11 ဖုန်းတွေထွက်လာမယ်လို့ မျှော်လင့်ထားကြပေမယ့် မဖြစ်နိုင်တော့ပါဘူး။ မကြာသေးခင်က တရုတ်နိုင်ငံကပေါက်ကြားလာတဲ့သတင်းတွေအရ Huawei ရဲ့ နောက်လာမယ့် P-series ဟန်းဆက်တွေကို P20 လို့ခေါ်နိုင်ဖို့ပိုများပါတယ်။

အခုထွက်လာတဲ့ပုံတွေကတော့ Huawei P20 စမတ်ဖုန်းတွေဖြစ်တဲ့ P20, P20 Plus နဲ့ P20 Pro တို့ရဲ့ ဒီဇိုင်းပုံကြမ်းတွေလို့ဆိုပါတယ်။ ဟန်းဆက် ၃မျိုးလုံးမှာ ကျောဘက် ကင်မရာ၃လုံးပါမှာဖြစ်ပေမယ့် နေရာတော့တူချင်မှတူပါလိမ့်မယ်။ မကြာသေးခင်က သတင်းတစ်ခုဆိုရင် Huawei ရဲ့ ကျောဘက်ကင်မရာ ၃ခုက 40 Megapixel resolution ရှိမယ်လို့ဖော်ပြထားပြီး “5x hybrid zoom” ဖြစ်မှာပါ။ ဂဏန်းတွေအရတော့ ကြီးရင်ကြီးနေနိုင်ပေမယ့် higth-end ဖုန်းတွေရဲ့ quality လောက်ပဲဖြစ်မှာပါ။

Huawei P20 နဲ့ P20 Plus တို့ကတော့ ဒီဇိုုင်းခပ်ဆင်ဆင်လာနိုင်ပါတယ်။ ရှေ့ဘက်မှာ fingerprint scanner, ကျောဘက်မှာ ကင်မရာ၃လုံး (P20 မှာ အလျားလိုက် P20 Plus မှာဒေါင်လိုက်) ဖြစ်ပြီး အရွယ်အစားတော့ကွာသွားနိုင်ပါတယ်။

Huawei P20 Pro ကတော့ screen-to-body အချိုးပိုမြင့်ပြီး iPhone X လိုမျိုး ထိပ်ဖက်မှာ အဟိုက်ကလေးပါပါမယ်။ ကျောဘက်မှာတော့ fingerprint scanner နဲ့ ကင်မရာ ၃လုံးက အလယ်ခေါင်မှာရှိပါမယ်။ P20 နဲ့ P20 Plus တို့ကိုတော့ Huawei ကိုယ်တိုင်ထုတ်တဲ့ Kirin 970 processor တွေသုံးထားမယ်လို့ ဆိုထားပါတယ်။ ဟန်းဆက်၃မျိုးလုံးမှာတော့ RAM 6GB, storage 64GB နဲ့လာမယ်လို့သိရပါတယ်။

ဒီ P20 စီးရီးဖုန်းတွေကို လာမယ့် ဖေဖော်ဝါရီ ၂၆ ကနေ မတ်လ ၁ရက်အတွင်း ကျင်းပမယ့် MWC (2018) မှာ မိတ်ဆက်သွားနိုင်ချေရှိပြီး အဲတာမတိုင်ခင်တော့ ဒီလိုပဲထွက်လာတဲ့ သတင်းတွေ ပုံတွေကိုပဲ စောင့်ကြည့်နေရဦးမှာပါပဲ။

ref : phonearena

%d bloggers like this: