iPhone X ကြောင့် Android ကနေ iOS ပြောင်းသုံးသူ များလာဟု စစ်တမ်းက ဖော်ပြ

iPhone X ဟာ မျှော်မှန်းထားသလောက် ရောင်းအား မကောင်းခဲ့ပေမယ့် တရုတ်မှာတော့ လူကြိုက်များနေပါတယ်။ iPhone X ဟာ Apple ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် စမတ်ဖုန်း ဖြစ်ပြီး တရုတ်မှာ iPhone X ကြောင့် Android ကနေ iOS ကို ပြောင်းသုံးသူများလာတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

စစ်တမ်းကို သုတေသန အဖွဲ့အစည်း Morgan Stanley က ပြုလုပ်ထားတာ ဖြစ်ပြီး iPhone X ဟာ iPhone 8 နဲ့ iPhone 8 Plus များထက် ရောင်းအားကောင်းနေပါတယ်။ Apple က iPhone X ထက် စောစွာ iPhone 8 နဲ့ iPhone 8 Plus များကို ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ရောင်းချစဉ်ကလည်း Apple စတိုးဆိုင်များမှာ ကြိတ်ကြိတ်တိုး ဝယ်ယူခြင်း မရှိခဲ့ဘဲ iPhone X ကို ဝယ်ဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။

Morgan Stanley မှ ခွဲခြမ်းစိတ်ဖြာသူ Katy Huberty က Android ကနေ iOS ကို ပြောင်းလဲ အသုံးပြုသူဟာ အောက်တိုဘာလမှာ ၆. ၇ ရှိရာကနေ iPhone X ထွက်ရှိပြီးနောက်မှာ ၉.၂ ရာခိုင်နှုန်း အထိတိုးတက်လာတယ်လို့ ပြောပါတယ်။ ဒါဟာ Face ID , Animoji , OLED Screen နဲ့ ဒီဇိုင်း အသစ်ကြောင့် ဖြစ်နိုင်ပါတယ်။

တရုတ်မှာ iPhone X ကို ဝယ်ယူသူများရဲ့ ထက်ဝက်ဟာ iPhone 7 နဲ့ iPhone 7 Plus ကို ကိုင်နေသူများဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။

Ref : techviral

%d bloggers like this: