0 Shares 52 Views

စာရိုက်စရာမလိုဘဲ၊ အီးမေးလ်တွေကို reply ပြန်နိုင်တဲ့ ‘Smart Reply’ ကို web ဗားရှင်း Inbox မှာလည်းသုံးနိုင်ပြီ

Mar 16, 2016
0 52

Android နဲ့ iOS အတွက် ထုတ်ပေးထားတဲ့ Inbox by Gmail အက်ပလီကေးရှင်းရဲ့ အသုံးဝင်ဆုံးအချက်တစ်ချက်ကတော့၊ တစ်နေ့တစ်နေ့ ၀င်လာတဲ့ အီးမေးလ်တွေကို reply ပြန်ရာမှာ၊ စာပြန်ရိုက်နေစရာမလိုဘဲ reply ပြန်နိုင်တဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။

‘Smart Reply’ လို့ အမည်ရတဲ့ ဒီ feature ရဲ့ အလုပ်လုပ်ပုံကတော့ ကိုယ့်ဆီ မေးလ်တစ်ခုဝင်လာတဲ့အခါ စာပါအကြောင်းအရာနဲ့ ဆက်စပ်တဲ့ reply စာတိုလေး သုံးခုကို စက်က အလိုအလျောက်ထုတ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒီစာသုံးကြောင်းထဲကမှ သင့်တော်တဲ့၊ကိုယ် reply လုပ်ချင်တဲ့ စာတစ်ခုကို ရွေးပြီး send နှိပ်လိုက်ရုံနဲ့ စာရိုက်နေစရာမလိုဘဲ၊ အလိုအလျောက် reply လုပ်သွားတာဖြစ်ပါတယ်။

ဒီ feature ဟာ လုပ်ငန်းရှင်၊စီးပွားရေးသမားတွေအတွက်တော့ တော်တော် အချိန်ကုန်၊ လူပင်ပန်းသက်သာတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီး၊ မူလက Android နဲ့ iOS ဖုန်း၊တက်ဘလက်တွေမှာသာ ရရှိခဲ့ပေမယ့်၊ အခုအခါမှာတော့ desktop မှာလည်း သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

မိုဘိုင်းသုံး Inbox app ထဲကလိုပဲ၊ မေးလ်တစ်စောင်ဝင်လာလို့ reply ပြန်မယ့်အခါ၊ ကွန်ပြူတာကနေ စာကြောင်းသုံးခုအလိုအလျောက် ခန့်မှန်းဖော်ပြသွားမှာဖြစ်ပြီး၊ အကယ်လို့ ဒီစာကြောင်းသုံးကြောင်းကို မကြိုက်ဘူးဆိုရင်လည်း ကိုယ့်ဘာသာကိုယ်စာရိုက်ပြီး reply ပြန်နိုင်ပါတယ်။

Gmail ရဲ့ ‘Smart Reply’ စွမ်းဆောင်ရည်ဟာ AI စနစ်ကို အခြေခံထားတာကြောင့် ကိုယ့်ဆီဝင်လာတဲ့ မေးလ်အပေါ်မူတည်ပြီး၊ reply စာသားတွေက ကွာခြားသွားမှာဖြစ်သလို၊ ဒီဖန်ရှင် အလုပ်လုပ်ဖို့အတွက် ကိုယ့်ဆီဝင်လာမယ့်မေးလ်ထဲမှာ အင်္ဂလိပ်ဘာသာစကားနဲ့ စာသားတွေ ပါရှိရမှာ ဖြစ်ပါတယ်။

Ref: Official Gmail Blog

 

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category