Full Screen Smartphone များ ၂၀၁၇ ခုနှစ်မှာ အလုံးရေ သန်း ၂၃၀ ကျော် ရောင်းချရ

Full Screen Smartphone များ ၂၀၁၇ ခုနှစ်မှာ အလုံးရေ သန်း ၂၃၀ ကျော် ရောင်းချရတယ်လို့ တရုတ် ဈေးကွက် သုတေသန ကုမ္ပဏီ Sigmalntell ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ Full Screen စမတ်ဖုန်းများ စတင်ထွက်ပေါ်လာခဲ့ပေမယ့် ဇွန်လနောက်ပိုင်းမှသာ ထင်ပေါ်ကျော်ကြားလာခြင်း ဖြစ်ပါတယ်။ ယခုနှစ်နောက်ဆုံးခြောက်လထဲမှာ ဘေးဘောင်မဲ့ မျက်နှာပြင် စမတ်ဖုန်း အလုံးရေ သန်း ၂၀၀ ရောင်းချခဲ့ရပြီး ကျန်တဲ့ သန်း ၃၀ ဟာ Galaxy S8 Phones များဖြစ်ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

ကုမ္ပဏီရဲ့ စစ်တမ်းဟာ 18:9 နဲ့ 18.5:9 Aspect Ratio ပါတဲ့ စမတ်ဖုန်းနှစ်မျိုးကို တွက်ချက်ထားခြင်း ဖြစ်ပါတယ်။ Full Screen Display များကို အများဆုံး ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကတော့ ဆမ်ဆောင်းဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ အဲဒီ မျက်နှာပြင်များကို သူ့ရဲ့ စမတ်ဖုန်းများမှာ သုံးတဲ့အပြင် အခြား စမတ်ဖုန်း ကုမ္ပဏီများကို ရောင်းချခဲ့ပါတယ်။

အဲဒီအထဲမှာ Apple လည်း ပါဝင်ပြီး iPhone X ရဲ့ ၅.၈ လက်မ Super AMOLED Display ကို ဆမ်ဆောင်းက ရောင်းချပေးခဲ့ခြင်း ဖြစ်ပါတယ်။ Samsung Display ဌာနဟာ တစ်ကမ္ဘာလုံးမှာ ရောင်းချခဲ့တဲ့ ဘေးဘောင်မဲ့ မျက်နှာပြင် အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး မျက်နှာပြင် ၁၃၇ သန်းကို မိခင်ကုမ္ပဏီနဲ့ အခြား ဖုန်းထုတ်လုပ်သူများအတွက် ရောင်းချခဲ့တယ်လို့ တွက်ချက်ထားကြပါတယ်။

Ref: androidheadlines

%d bloggers like this: