ဖုန်းအဟောင်းတွေကို Apple လိုနှေးအောင်လုပ်မထားဘူးဆိုတဲ့ HTC, Motorola, Samsung နဲ့ LG

Zawgyi Version

ပြီးခဲ့တဲ့အပတ်တွေကပဲ Apple က iPhone အဟောင်းတွေကိုနှေးအောင်လုပ်ထားတယ်ဆိုတဲ့သတင်းကြေညာပြီး တော်တော်လေးဂယက်ထသွားပါတယ်။ ၂၀၁၆ မှာ feature အသစ်တစ်ခုကိုတိတ်တဆိတ်ထွက်ရှိခဲ့ပြီး iPhone အဟောင်းတွေမှာ မမျှော်လင့်ဘဲစက်ပိတ်သွားတာမျိုးတွေမဖြစ်ရအောင် performance ကိုလှျှော့ချထားတယ်လို့ Apple ကိုယ်တိုင်ကအတည်ပြုခဲ့တာပါ။

Apple အနေနဲ့ သက်တမ်းကြာလာတဲ့ဘက်ထရီတွေကနေ ပြဿနာကြီးကြီးမားမားမဖြစ်ရအောင်လုပ်ခဲ့တာဖြစ်ပေမယ့် iPhone အသစ်တွေဝယ်အောင်လုပ်တယ်လို့ပဲထင်နေကြတဲ့အတွက် တော်တော်ဖိအားပေးခံနေရမှာပါ။ သုံးတဲ့သူတွေကလည်း performance လျှော့ချထားတဲ့အပြင် ဘာဖြေရှင်းချက် သတိပေးချက်မှမပေးတဲ့အတွက် Apple ကိုမေးခွန်းထုတ်လို့မဆုံးပါဘူး။ ဒီကြားထဲမှာမှ HTC နဲ့ Motorola တို့ကလည်း မီးလောင်ရာလေပင့် လို့ပဲ ပြောရမလားပါပဲ။

HTC နဲ့ Motorola တို့ရဲ့ ပြောခွင့်ရှိသူတွေက သူတို့ကတော့ ဘက်ထရီတွေအိုဟောင်းလာပေမယ့်လည်း performance ကို လျှော့ချမထားပါဘူးလို့ ဖြေလိုက်တော့ Apple အတွက် ပိုအခက်တွေ့စေမှာသေချာပါတယ်။ Apple အနေနဲ့ ပြန်လည်ခေါင်းမော့ဖို့အရေးကြီးတဲ့ကာလဖြစ်နေပြီး iPhone X ကလည်း ပူပူနွေးနွေး ထွက်ထားတာမှမကြာသေးတော့ ဖုန်းအဟောင်းတွေအတွက် hardware တွေပြင်ရင်ပြင် ဒါမှမဟုတ် software တွေကိုအဆင့်မြှင့်ရင်မြှင့် တစ်ခုခုတော့လုပ်ရတော့မှာပါ။

ခုချိန်မှာတော့ တရားစွဲဆိုခံရတာတွေ ဒုနဲ့ဒေးဖြစ်နေပြီး CEO အနေနဲ့ jail အောင်းရကိန်းလိုလိုတောင် သတင်းတွေထွက်နေပါတယ် (ဖြစ်နိုင်ချေတော့မရှိပါဘူး) ဒါပေမယ့် ဘက်ထရီတွေဟောင်းလာလို့ performance လျှော့ချထားတယ်ဆိုတာမျိုးက စမတ်ဖုန်းလောကမှာ မရှိခဲ့ဖူးတဲ့အတွက် Apple အတွက် ဒါကိုဖြေရှင်းဖို့က တော်တော်ခေါင်းကိုက်စရာပါ။

 

%d bloggers like this: