0 Shares 24 Views

သင်၏ iPhone များ Samsung ၏ Gear နာရီများနှင့်တွဲသုံးနိုင်တော့မည်

iPhone and Gear

တကယ်လို့သင်ဟာ iPhone သုံးစွဲသူတစ်ယောက်ဆိုရင် နောက်ဆုံးမှာ သင့်အနေနဲ့ iPhone နဲ့ တွဲအလုပ်လုပ်နိုင်မယ့် နောက်ထပ်နာရီတစ်မျိုးကို ရွေးချယ်နိုင်တော့မှာပါ။

Samsung က သူတို့ရဲ့ Gear S2 စမတ်လက်ပတ်နာရီဟာ Apple ရဲ့ iOS စနစ်သုံး iPhone နဲ့ iPad တွေနဲ့ တွဲပြီးအလုပ်လုပ်နိုင်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့တုန်းကပြောကြားခဲ့ပါတယ်။ ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ သတင်းကို Samsung ဟာ Las Vegas မှာကျင်းပတဲ့ CES 2016 ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယခုလောလောဆယ်သုံးလို့ရဦးမှာမဟုတ်ပဲ ဒီနှစ်နှောင်းပိုင်းလောက်မှာမှ ဒီလုပ်ဆောင်ချက်ကိုရနိုင်တယ်လို့လဲသိရပါတယ်။ အရင်က Samsung ဟာ စမတ်နာရီတွေကို သူတို့ Samsung ဖုန်းတွေမှာပဲသုံးလို့ ရအောင်တင်းတင်းကျပ်ကျပ် ပြုလုပ်ထားခဲ့တာပါ။

ဒါဟာ Apple Watch နောက်ပိုင်းမထွက်တော့တဲ့ Apple accessory တွေကို မျှော်နေတဲ့ iPhone ချစ်သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်တာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ရိုးရာဆန်ဆန်နာရီ ဒီဇိုင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Gear S2 တွေကိုလူတိုင်းကြိုက်နှစ်သက်စေနိုင်လို့ပဲဖြစ်ပါတယ်။

Samsung နာရီနဲ့ Apple Devices တွေချိတ်ဆက်နိုင်ဖို့အတွက် ဘယ်လို ပံ့ပိုးမှုတွေလိုအပ်တယ်ဆိုတာကိုတော့ Samsung အနေနဲ့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။

Ref: Cnet

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category