ဆယ်လ်ဖီအလွန်အကျွံဆွဲခြင်းက “Selfitis” ခေါ်စိတ်ရောဂါတစ်ခုဖြစ်

စိတ်ကျန်းမာရေးနိုင်ငံတကာဂျာနယ်ကနေ ဆယ်လ်ဖီအလွန်အကျွံရိုက်ခြင်းက  “Selfitis” လို့နာမည်တပ်ထားတဲ့ စိတ်ရောဂါတစ်ခုအနေနဲ့ စာရင်းသွင်းထားပြီဖြစ်ပါတယ်။

ဒါကို ၂၀၁၄ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့နာမည်တပ်ခဲ့ပေမယ့် သတင်းမှားသာဖြစ်ခဲ့ပြီး အခုကတော့ တကယ်နာမည်စာရင်းဝင်သွားပြီဖြစ်ပါတယ်။ ဆယ်လ်ဖီအလွန်အကျွံရိုက်သူတွေကို ခေါင်းစဉ်ပြန်ခွဲကြည့်တဲ့အခါမှာ အခြေအနေတွေကိုလိုက်ပြီး ထပ်ကွဲသွားပါသေးတယ်။ အောက်မှာတော့ သုတေသနလုပ်ထားတဲ့ထဲက ရလဒ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယမှာ ဒီသုတေသနကို ကျောင်းသား ၂၂၅ယောက်နဲ့စမ်းသပ်ခဲ့ပြီး ဆယ်လ်ဖီရိုက်သူ ၃မျိုးခွဲလိုက်ပါတယ်။ ဒီသုတေသနအရ သူတို့ထဲက ၉% ဟာ တစ်နေ့ကို ဆယ်လ်ဖီပုံ ၈ပုံထက်မနည်း ရိုက်တတ်ပြီး ၂၅%လောက်ကတော့ ဆိုရှယ်မီဒီယာမှာ ၃ပုံ၊ ၃ပုံကျော်တင်ကြသူတွေဖြစ်တာကို တွေ့ရပါတယ်။

အပေါ်က စစ်တမ်းကောက်လိုက်တဲ့ထဲမှာတွေ့ရတာကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးလို့ခံစားရတဲ့သူတွေက သူတို့ပတ်ဝန်းကျင်မှာဝင်ဆံ့အောင် selfie ရိုက်ကြတာဖြစ်ပါတယ်။ အခုအခြေအနေကိုတော့ အတည်ပြုခဲ့ပြီးဖြစ်ပြီး နောင်လာမယ့် သုတေသနတွေကလည်း လူတွေက ဘာကြောင့် ဘယ်လို ဆယ်လ်ဖီအလွန်အကျွံရိုက်ကြလဲဆိုတာ ပိုနားလည်လာအောင်လုပ်ဆောင်သွားဖို့ရှိပြီး ဒီလိုစိတ်မျိုး ခံစားနေရတဲ့သူတွေအတွက် အကျိုးရှိစေမယ်လို့ယုံကြည်ထားကြောင်း Balakrishnan က ပြောကြားခဲ့ပါတယ်။

Source: PhoneArena

%d bloggers like this: