NFC ဆိုတာဘာလဲ?? ဘာကြောင့်သုံးသင့်လဲ??

အရင်တလောကပဲ စမတ်ဖုန်းတစ်လုံးမှာ မရှိမဖြစ်ပါရမယ့်အရာတွေနဲ့ ပါသင့်တဲ့အရာတွေအကြောင်း ပြောခဲ့တဲ့ထဲမှာ NFC ဆိုတာလေးပါပါတယ်။ ဒီတော့ NFC ဆိုတာဘာလဲ ဘာကြောင့်သုံးသင့်လဲ ဆိုတာလေးကို ပြောပြပေးသွားပါမယ်။

AndroidPIT best ways to use nfc 5

NFC ဆိုတာဘာလဲ??

NFC ကတော့ Near Field Communication ရဲ့အတိုကောက်ဖြစ်ပြီး device ၂လုံးကြား ၄စင်တီမီတာအကွာအဝေးအတွင်းမှာ ကြိုးမဲ့ချိတ်ဆက်မှုနဲ့ ဒေတာတွေကို ပေးပို့လက်ခံနိုင်တဲ့ နည်းပညာပါ။ ဒီ NFC connection ကတော့ Wi-Fi တွေ LTE တွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဘာမှလည်း ထပ်သုံးစရာမလိုပါဘူး။

ဖုန်းမှာ NFC ပါမပါ ဘယ်လိုသိနိုင်မလဲ??

NFC ပါမပါသိဖို့ Setting> More ဒါမှမဟုတ် Setting> Wireless & Network ထဲကနေ NFC ဆိုတဲ့ option ပါမပါကြည့်ရုံပါပဲ။ NFC ပါတဲ့စမတ်ဖုန်းအများစုကတော့ ကျောဘက်ကိုယ်ထည်မှာ NFC logo သေးသေးလေးထည့်ထားတတ်ပါတယ်။

androidpit sony xperia Z3 9

Android မှာ NFC ဘယ်လိုအလုပ်လုပ်သလဲ??

NFC ကတော့ရေဒီယိုလှိုင်းတွေနဲ့ ဒေတာတွေကိုပေးပို့လက်ခံတာပါ။ Bluetooth နဲ့မတူတာက သူက လျှပ်စစ်သံလိုက်လှိုင်းတွေနဲ့အလုပ်လုပ်တာပါ။ ပိုစတာ စတစ်ကာစတဲ့ စွမ်းအင်မလိုတဲ့ပစ္စည်းတွေက စမတ်ဖုန်းလိုမျိုး စွမ်းအင်သုံးပစ္စည်းတွေနဲ့ ထိတွေ့လိုက်ရုံနဲ့ဒေတာတွေပေးပို့လို့ရနိုင်တာ အားသာချက်ပါ။

NFC mode ၃မျိုးကတော့

– Reader/ Writer ( NFC poster တွေက tag တွေဖတ်နိုင်ဖို့)

– Card Emulation (ငွေပေးချေနိုင်ဖို့)နဲ့

– Peer-to-Peer (ဖိုင်တွေပေးပို့နိုင်ဖို့)ဆိုပြီးရှိပါတယ်။

Android တွေမှာ NFC ရဲ့ပြဿနာ

– ဖုန်းတိုင်းမှာတော့ NFC chip မပါဝင်ပါဘူး။ တဖြည်းဖြည်းတော့ တော်တော်များများသုံးလာကြပါပြီ။

– ဖုန်းတစ်လုံးနဲ့တစ်လုံးမတူတာကြောင့် NFC chip ထားသိုတဲ့နေရာလည်း မတူတော့ ရှာရတာမလွယ်ပါဘူး။

– ဖိုင်အမျိုးအစားတွေမတူကြတဲ့အခါ ဖုန်းတစ်လုံးနဲ့တစ်လုံးမကိုက်ညီတော့ပါဘူး။

AndroidPIT best ways to use nfc 3

Android မှာ NFC စသုံးမယ်ဆိုရင်??

ပထမဆုံး NFC ရော Android Beam ကိုရော “enable” လုပ်ထားရပါမယ်။ လုပ်စရာလိုတာလေးတစ်ခုကတော့ ကိုယ်ပို့ချင်တဲ့ဖိုင်ကိုရွေး (ဥပမာ-ဓာတ်ပုံ) ပြီးရင် ဖုန်း၂လုံးထိလိုက်ရုံနဲ့ရောက်သွားပါပြီ။ ဘာ “send via” option ကိုမှ ရွေးစရာမလိုပါဘူး။ ဖုန်း၂လုံးကို ကျောချင်းကပ်ပြီး ပေးပို့မှုကိုအတည်ပြုဖို့ “touch to beam” လေးကို အတည်ပြုပေးလိုက်ရုံပါပဲ။ ဒါကို “File Beam” လိုမျိုး app တွေရဲ့အကူအညီနဲ့ ပိုပြီးလွယ်လွယ်မြန်မြန်ပေးပို့လို့လည်း ရနိုင်ပါတယ်။

AndroidPIT best ways to use nfc 4

နောက်ရက်ကျရင်တော့ NFC ကို ဘာအတွက်သုံးလို့ရမလဲဆိုတာလေးကို ဆက်တင်ပေးသွားပါမယ်။ သူ့အသုံးဝင်ပုံလေးတွေက တော်တော်လေးမိုက်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦး….

Source: AndroidPit

%d bloggers like this: