Sharp ရဲ့ နောက်ထပ် Bezel-less Smartphone တစ်လုံးရဲ့ သတင်းထွက်ပေါ်လာ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မော်ဒယ် နံပါတ် Sharp FS8018 စမတ်ဖုန်းရဲ့ သတင်းအချက်အလက်များ တရုတ် ဆက်သွယ်ရေး ကော်မရှင်ထံမှာ ထွက်ပေါ်လာပါတယ်။ အခုတော့ ကော်မရှင်ထံမှာ Sharp ရဲ့ မော်ဒယ်နံပါတ် FS8015 စမတ်ဖုန်ုး အသစ်တစ်လုံးကို တွေ့မြင်ရပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် Aquos S2 နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ လက်ဗွေရာအာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

တရုတ်ဆက်သွယ်ရေး ကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ FS8015 မှာ ၅.၉၉ လက်မ FullHD+ Display တပ်ဆင်ထားပြီး Resolution မှာ 2160x1080p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ 2.2GHz Octa-Core CPU ပါတဲ့ Chipset ထည့်သွင်းထားပြီး Snapdragon 630 or 660 ဖြစ်နိုင်ပါတယ်။ 4GB or 6GB RAM နဲ့ 64 GB or 128GB Storage များထုတ်လုပ်ပေးထားမယ်လို့ သိရပါတယ်။

အနောက်ဘက်မှာ ကင်မရာ နှစ်လုံးတပ်ဆင်ထားပြီး 12MP+13MP Camera များဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP Camera တစ်လုံး ပါပါတယ်။ Android Nougat နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ 3100mAh Battery ပါပါတယ်။ အနက်ရောင်တစ်မျိုးထဲသာ ထုတ်လုပ်ပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: