Google ရဲ့ သိဉာဏ်တု (AI) ပရိုဂရမ်ဟာ တောင်ကိုရီးယားပရော်ဖက်ရှင်နယ် စစ်တုရင်ချန်ပီယံ လီဆီဒေါ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့ထိ ငါးပွဲယှဉ်ပြိုင်ရာမှာ လေးပွဲထိနိုင်ပွဲရယူပြီး ပွဲပြတ်အနိုင်ပိုင်းခဲ့တယ်လို့ သိရပါတယ်။
Google ရဲ့ DeepMind ကုမ္ပဏီက တီထွင်ခဲ့တဲ့ AI ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ တတိယမြောက်နိုင်ပွဲကိုရယူပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီပရိုဂရမ်ဟာ ပြီးခဲ့တဲ့နှစ်က လူသားပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ကို အနိုင်ယူခဲ့တဲ့ ပထမဆုံးပရိုဂရမ်ဖြစ်ခဲ့ဖူးတဲ့ မှတ်တမ်းရှိခဲ့ဖူးပြီး အသက် ၃၃နှစ်အရွယ် လီကတော့ အများကြီးပိုမိုခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
“မယုံနိုင်စရာအကောင်းဆုံးကစားပွဲတွေထဲက တစ်ခုပါပဲ” လို့ DeepMind တည်ထောင်သူ Demis Hassabis က တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ “ကြီးမားတဲ့အမှားတစ်ခုကို ပြုလုပ်ခဲ့ပေမယ့် ပြန်လာနိုင်ခဲ့လို့ လီဟာပေါက်ကွဲဒေါသထွက်ခဲ့ပါတယ်” လို့ဆိုခဲ့တာပါ။
ကျောက်တုံးအဖြူနဲ့ အနက်လေးတွေကို စတုရန်းကွက်တွေမှာ ရွှေ့ပြီး နယ်မြေတွေချဲ့ထွင်ရယူတဲ့ ဒီကစားနည်းဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ခေတ်အစားဆုံးဂိမ်းတစ်မျိုးဖြစ်ပါတယ်။
Ref: Reuters