0 Shares 162 Views

Google ရဲ့ AI ကိုပွဲပြတ်ရှုံးခဲ့တဲ့ တောင်ကိုရီးယားစစ်တုရင်ချန်ပီယံ

Mar 15, 2016
0 162

Google ရဲ့ သိဥာဏ်တု (AI) ပရိုဂရမ်ဟာ တောင်ကိုရီးယားပရော်ဖက်ရှင်နယ် စစ်တုရင်ချန်ပီယံ လီဆီဒေါ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့ထိ ငါးပွဲယှဉ်ပြိုင်ရာမှာ လေးပွဲထိနိုင်ပွဲရယူပြီး ပွဲပြတ်အနိုင်ပိုင်းခဲ့တယ်လို့ သိရပါတယ်။

Google ရဲ့ DeepMind ကုမ္ပဏီက တီထွင်ခဲ့တဲ့ AI ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ တတိယမြောက်နိုင်ပွဲကိုရယူပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီပရိုဂရမ်ဟာ ပြီးခဲ့တဲ့နှစ်က လူသားပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ကို အနိုင်ယူခဲ့တဲ့ ပထမဆုံးပရိုဂရမ်ဖြစ်ခဲ့ဖူးတဲ့ မှတ်တမ်းရှိခဲ့ဖူးပြီး အသက် ၃၃နှစ်အရွယ် လီကတော့ အများကြီးပိုမိုခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

google ai win game1

“မယုံနိုင်စရာအကောင်းဆုံးကစားပွဲတွေထဲက တစ်ခုပါပဲ” လို့ DeepMind တည်ထောင်သူ Demis Hassabis က တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ “ကြီးမားတဲ့အမှားတစ်ခုကို ပြုလုပ်ခဲ့ပေမယ့် ပြန်လာနိုင်ခဲ့လို့ လီဟာပေါက်ကွဲဒေါသထွက်ခဲ့ပါတယ်” လို့ဆိုခဲ့တာပါ။

ကျောက်တုံးအဖြူနဲ့ အနက်လေးတွေကို စတုရန်းကွက်တွေမှာ ရွှေ့ပြီး နယ်မြေတွေချဲ့ထွင်ရယူတဲ့ ဒီကစားနည်းဟာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ ခေတ်အစားဆုံးဂိမ်းတစ်မျိုးဖြစ်ပါတယ်။

google ai win game2

Ref: Reuters

You may be interested

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
0 shares0 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
669 shares162 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်
FEATURES, Mobiles & Tablets
553 shares218 views

ဖုန်းအသစ်လဲသင့်ပြီဆိုတာပြနေတဲ့ အချက်၅ချက်

Nwe Oo Thant - Apr 19, 2018

[Zawgyi] အစားအသောက်တွေတောင်မှ တစ်ယောက်နဲ့တစ်ယောက်ကြိုက်တဲ့အရသာချင်းမတူနိုင်ပါဘူး။ ဒီတော့ ဖုန်းတစ်လုံးကို ဘယ်လောက်ကြာကြာသုံးလဲ ဘယ်လို user အမျိုးအစားလဲဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက်တူနိုင်မှာမဟုတ်ပါဘူး။ အခုဖော်ပြလိုက်တာကလည်း ကိုယ်သုံးနေတဲ့စမတ်ဖုန်းတစ်လုံး လဲချိန်တန်ပြီလား ဆက်သုံးလို့ရသေးလားဆိုတာ ကိုယ်တိုင်ဆန်းစစ်လို့ရနိုင်မယ့်အချက်လေးတွေပါပဲ။ တစ်ချို့လည်း ဒီနှစ်ထွက်တဲ့နောက်ဆုံးပေါ် Galaxy S9 လေးဝယ်လိုက် နောက်နှစ်အသစ်ထွက်လည်း လဲရင်လဲနိုင်လောက်အောင် ဝယ်နိုင်တဲ့သူတွေရှိပါလိမ့်မယ်။…

Leave a Comment

Most from this category