နောက်ထွက်မယ့် Xiaomi Mi Note 2 မှာ Samsung လုပ် Amoled မျက်နှာပြင်အကွေး ပါဝင်လာဖွယ်ရှိ

ဖုန်းနဲ့တက်ဘလက်ကြား အရွယ်အစားရှိတဲ့ phablet အမျိုးအစား Mi Note ဖုန်းထွက်ပြီး တစ်နှစ်အကြာမှာတော့ Xiaomi ဟာ Mi Note 2 ဖုန်းကို မကြာခင် စတင်မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

ယခုအချိန်ထိတော့ ကုမ္ပဏီဘက်က တရားဝင်ဘာမှကြေငြာရခြင်းမရှိသေးပေမယ့်၊ Mi Note 2 ဖုန်းရဲ့ တစ်ချို့ အချက်အလက်တွေကတော့ စတင်ပေါက်ကြားနေပြီဖြစ်ပါတယ်။

ဒီဖုန်းမှာ လက်ရှိခေတ်စားနေတဲ့ curved display မျက်နှာပြင်အကွေးပါဝင်လာဖွယ်ရှိနေပြီး၊ သတင်းအရင်းအမြစ်ယုံကြည်စိတ်ချရတဲ့ Gizchina မီဒီယာရဲ့ဖော်ပြချက်အရ၊ ဒီဖုန်းဟာ Vivo ရဲ့ Xplay5 Elite ဖုန်းလိုပဲ Samsung ကုမ္ပဏီထုတ် Amoled မျက်နှာပြင်အကွေးပါဝင်လာမယ်လို့ သိရပါတယ်။

နောက်ထပ်သတင်းတွေအရ တရုတ်နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ Huawei နဲ့ Xiaomi တို့ဟာ Samsung Display ဆီက ဖန်သားပြင်အကွေးနမူနာတွေ တောင်းယူထားတယ်လို့လည်း သိရတာကြောင့်၊ ယခုနှစ်ထဲ ထပ်မံထွက်ရှိမယ့် Huawei ၊ Xiaomi ဖုန်းတွေမှာ ဖန်သားပြင်အကွေးတွေကို တွေ့မြင်ရဖို့ ရာခိုင်နှုန်း တော်တော်များနေပါတယ်။

Mi Note 2 ရှေ့မှာထွက်ထားတဲ့ Mi Note ဖုန်းဟာ ၅.၇ လက်မအရွယ် full-HD (1080×1920 pixels) Sharp JDI မျက်နှာပြင်၊ Corning Gorilla Glass 3 တို့ ပါရှိပြီး၊ 2.5 GHz quad-core Qualcomm Snapdragon 801 ပရိုဆက်ဆာ၊ RAM 3GB ၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 16 GB တို့ ပါရှိတဲ့ စွမ်းဆောင်ရည်မြင့် phbalet တစ်လုံးပဲ ဖြစ်ပါတယ်။

Ref: Gadgets360

 

%d bloggers like this: